ဇနီးမယားဟာ ေယာက်ာ္းရဲ႕”ညာ”ဘက္မဟုတ္တဲ႔ ”ဘယ္”ဘက္မွာပဲ ဘာေၾကာင့္အိပ္ခြင့္ရွိတာလဲ
မိန္းမက လင္ေယာက်ာ္းရဲ႕ ညာဘက္မွာ အိပ္ရင္ ေယာက်ာ္းက ဘုန္းကံနိမ့္ျပီး အိမ္ေထာင္ေရးမွာ စီးပြားေရးလာဒ္ပိတ္ေစတယ္ဆိုတာ တကယ္လား???
လင္ရယ္ မယားရယ္ ျဖစ္လာျပီဆို တစ္အိပ္ယာတည္း အတူအိပ္ ၾကရပါတယ္
မိန္းမသားေတြဟာ လင္ေယာက်ာ္းရဲ႕ ဘယ္ဘက္အျခမ္းမွာ သာ အိပ္ခြင့္ရွိပါ တယ္
ဒါေပမယ့္ ဘာျဖစ္လို႕ မိန္းမသားေတြဟာ လင္ေယာက်ာ္းရဲ႕ ဘယ္ဘက္အျခမ္းမွာပဲအိပ္ခြင့္ရွိတာလဲ ဘာေၾကာင့္လဲ
အမွန္ဆို အိပ္ခ်င္တဲ႔ ဘက္အိပ္မွာေပါ့ေနာ္
တခ်ိဳ႕ဆို အိပ္ယာေဘးဘက္ နံရံ ေထာင့္ဘက္ အျခမ္းကို မိန္းမသားေတြ ပိုမိုႀကိဳက္ႏွစ္ သက္ေလ့ရွိပါတယ္
ေဘးမွာက နံရံ အတားအဆီး တစ္ခု ျဖစ္သလို ဒီဘက္ ေဘးမွၾက အားကိုးအားထားျပဳရတဲ႔ လင္ေယာက်ာ္း အဲေတာ့ မွ သူတို႕က မိမိကိုယ္ကို လံုျခံဳမႈ အျပည့္နဲ႕ စိတ္ခ်လက္ခ် အိပ္စက္နိုင္ၾကတာပါ
မိန္းမက ေယာက်ာ္းရဲ႕ ညာဘက္မွာ အိပ္လို႕ ေယာက်ာ္းတို႕ ဘုန္း လက္ရံုးဆိုျပီး ဘုန္းကံနိမ့္တယ္ ဆိုတာက စိတ္နဲ႕သာ ဆိုင္ပါတယ္ ဘုန္းမနိမ့္ဘူး မဟုတ္ပါဘူး
ကိုယ္က ဘုန္းနိမ့္တယ္ “ထင္” ရင္ နိမ့္ပါတယ္မနိမ့္ဘူး “ထင္” ရင္ မနိမ့္ပါဘူး
နည္းနည္းမ်ား ရႈပ္သြားသလား မသိဘူးေတာ္ေတာ္လဲ ရႈပ္သြားမယ္ ထင္ပါတယ္
ဟုတ္ပါတယ္ အဲဒီ “ထင္” ဆိုတဲ့ ဥပါဒါန္ေႀကာင့္သာ နိမ့္တာပါ
ဥပါဒါန္ ေၾကာင့္ ေဘးဥပါဒ္ ေရာက္တတ္ပါတယ္
ကိုယ့္စိတ္က နိမ့္တယ္ထင္ရင္ အဲဒီ စိတ္ကထင္လိုက္တာနဲ႕ အေကာင္းဘက္ကို အေတြးမရွိေတာ့ပါဘူး။ မဟုတ္တဲ႔ ခံစားခ်က္ေတြနဲ႕ စိတ္အလုိမက်ျဖစ္ေစျပီး လူကို ထိခိုက္ေစတာပါ…
အဲ့ဒါဟာ စိတ္ပုိင္းဆုိင္ရာ အရည္အေသြး က်ဆင္းျခင္း စိတ္ပုိင္းဆုိင္ရာ ဘုန္းနိမ့္ျခင္းပါပဲ….လူကို သတ္လို႕မေသေတာင္ စိတ္ကို သတ္လို႕ေသမွေတာ့ လူလဲ မခံနိုင္ပါဘူး
မိန္းမသားေတြဟာ ဘာျဖစ္လို႕ ဘယ္ဘက္မွာပဲ အိမ္ခြင့္ရလဲ ဆိုတာ အေျဖက အရမ္းကို ႏူးညံ႔ၾကင္နာၾကည္ႏူးဖို႕ ေကာင္းပါတယ္
မိန္းမသားေတြလဲ သိသြားျပီး ေနာက္ဆို ကိုယ့္လင္ေယာက်ာ္းနဲ႕ အိပ္ရင္ ဘယ္ဘက္မွာသာ အိပ္ခ်င္ၾကပီး ရင္ခြင္ထဲတိုးခ်င္ေနၾကမွာပါ
တကယ္ေတာ့ ဘယ္ဘက္မွာ အိပ္ရတယ္ဆိုတာ ခ်စ္ျခင္းတရားကို ကိုယ္စားျပဳပါတယ္
ရင္ခုန္သံေတြ စတင္ျဖစ္တည္ရာ ႏွလံုးသားနဲ႕ အနီးကပ္ဆံုးေနရာ မွာသာ မိမိခ်စ္ခင္စံုမက္ရတဲ႔ မိန္းမသားကို ထားခ်င္တဲ႔ အတြက္ ဘယ္ဘက္မွာ ထားရင္ခြင္ထဲ ထည့္ အိပ္ေစျခင္းျဖစ္ပါတယ္
မိန္းမသားတို႕ အေနျဖင့္လည္း ကိုယ္ခ်စ္ရသူရဲ႕ ရင္ခုန္သံစည္းခ်က္ကေလးေတြကို နားဆင္ရင္း ေႏြးေထြးတဲ႔ ရင္ခြင္ထဲမွာ အိပ္စက္ရတာဟာ ေလာကနိဗၺာန္ စည္းစိမ္ကို ခံစားေနရမွာ အမွန္ပဲ ျဖစ္ပါတယ္
နတ္ျပည္နိဗၺာန္စည္းစိမ္ဆိုတာဟာလဲ လူ႕ဘဝမွာတင္ ရရိွႏိုင္ပါတယ္ကိုယ္က ယူတတ္ဖို႕ပဲ လိုတာပါ ယူတတ္ရင္ ရပါတယ္
ဘဝအေမာေတြ ေျဖေဖ်ာက္ တေမွးေလာက္ ေတာ့ ကိုယ္ခ်စ္ရသူရဲ႕ အသည္းတစ္ျခမ္းကိုယ္စားျပဳ ရင္ခြင္ထဲ အိပ္စက္နားခိုရင္း ေနာင္ အနာဂတ္လမ္းခရီးအတြက္ အားေမြးျပီး ႏွစ္ဦးသား အိပ္ေရးဝလိုက္ၾကရေအာင္
Unicode
ဇနီးမယားဟာ ယောကျာ်းရဲ့”ညာ”ဘက်မဟုတ်တဲ့ ”ဘယ်”ဘက်မှာပဲ ဘာကြောင့်အိပ်ခွင့်ရှိတာလဲ
မိန်းမက လင်ယောကျာ်းရဲ့ ညာဘက်မှာ အိပ်ရင် ယောကျာ်းက ဘုန်းကံနိမ့်ပြီး အိမ်ထောင်ရေးမှာ စီးပွားရေးလာဒ်ပိတ်စေတယ်ဆိုတာ တကယ်လား???
လင်ရယ် မယားရယ် ဖြစ်လာပြီဆို တစ်အိပ်ယာတည်း အတူအိပ် ကြရပါတယ်
မိန်းမသားတွေဟာ လင်ယောကျာ်းရဲ့ ဘယ်ဘက်အခြမ်းမှာ သာ အိပ်ခွင့်ရှိပါ တယ်
ဒါပေမယ့် ဘာဖြစ်လို့ မိန်းမသားတွေဟာ လင်ယောကျာ်းရဲ့ ဘယ်ဘက်အခြမ်းမှာပဲအိပ်ခွင့်ရှိတာလဲ ဘာကြောင့်လဲ
အမှန်ဆို အိပ်ချင်တဲ့ ဘက်အိပ်မှာပေါ့နော်
တချို့ဆို အိပ်ယာဘေးဘက် နံရံ ထောင့်ဘက် အခြမ်းကို မိန်းမသားတွေ ပိုမိုကြိုက်နှစ် သက်လေ့ရှိပါတယ်
ဘေးမှာက နံရံ အတားအဆီး တစ်ခု ဖြစ်သလို ဒီဘက် ဘေးမှကြ အားကိုးအားထားပြုရတဲ့ လင်ယောကျာ်း အဲတော့ မှ သူတို့က မိမိကိုယ်ကို လုံခြုံမှု အပြည့်နဲ့ စိတ်ချလက်ချ အိပ်စက်နိုင်ကြတာပါ
မိန်းမက ယောကျာ်းရဲ့ ညာဘက်မှာ အိပ်လို့ ယောကျာ်းတို့ ဘုန်း လက်ရုံးဆိုပြီး ဘုန်းကံနိမ့်တယ် ဆိုတာက စိတ်နဲ့သာ ဆိုင်ပါတယ် ဘုန်းမနိမ့်ဘူး မဟုတ်ပါဘူး
ကိုယ်က ဘုန်းနိမ့်တယ် “ထင်” ရင် နိမ့်ပါတယ်မနိမ့်ဘူး “ထင်” ရင် မနိမ့်ပါဘူး
နည်းနည်းများ ရှုပ်သွားသလား မသိဘူးတော်တော်လဲ ရှုပ်သွားမယ် ထင်ပါတယ်
ဟုတ်ပါတယ် အဲဒီ “ထင်” ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်တာပါ
ဥပါဒါန် ကြောင့် ဘေးဥပါဒ် ရောက်တတ်ပါတယ်
ကိုယ့်စိတ်က နိမ့်တယ်ထင်ရင် အဲဒီ စိတ်ကထင်လိုက်တာနဲ့ အကောင်းဘက်ကို အတွေးမရှိတော့ပါဘူး။ မဟုတ်တဲ့ ခံစားချက်တွေနဲ့ စိတ်အလိုမကျဖြစ်စေပြီး လူကို ထိခိုက်စေတာပါ…
အဲ့ဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ….လူကို သတ်လို့မသေတောင် စိတ်ကို သတ်လို့သေမှတော့ လူလဲ မခံနိုင်ပါဘူး
မိန်းမသားတွေဟာ ဘာဖြစ်လို့ ဘယ်ဘက်မှာပဲ အိမ်ခွင့်ရလဲ ဆိုတာ အဖြေက အရမ်းကို နူးညံ့ကြင်နာကြည်နူးဖို့ ကောင်းပါတယ်
မိန်းမသားတွေလဲ သိသွားပြီး နောက်ဆို ကိုယ့်လင်ယောကျာ်းနဲ့ အိပ်ရင် ဘယ်ဘက်မှာသာ အိပ်ချင်ကြပီး ရင်ခွင်ထဲတိုးချင်နေကြမှာပါ
တကယ်တော့ ဘယ်ဘက်မှာ အိပ်ရတယ်ဆိုတာ ချစ်ခြင်းတရားကို ကိုယ်စားပြုပါတယ်
ရင်ခုန်သံတွေ စတင်ဖြစ်တည်ရာ နှလုံးသားနဲ့ အနီးကပ်ဆုံးနေရာ မှာသာ မိမိချစ်ခင်စုံမက်ရတဲ့ မိန်းမသားကို ထားချင်တဲ့ အတွက် ဘယ်ဘက်မှာ ထားရင်ခွင်ထဲ ထည့် အိပ်စေခြင်းဖြစ်ပါတယ်
မိန်းမသားတို့ အနေဖြင့်လည်း ကိုယ်ချစ်ရသူရဲ့ ရင်ခုန်သံစည်းချက်ကလေးတွေကို နားဆင်ရင်း နွေးထွေးတဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတာဟာ လောကနိဗ္ဗာန် စည်းစိမ်ကို ခံစားနေရမှာ အမှန်ပဲ ဖြစ်ပါတယ်
နတ်ပြည်နိဗ္ဗာန်စည်းစိမ်ဆိုတာဟာလဲ လူ့ဘဝမှာတင် ရရှိနိုင်ပါတယ်ကိုယ်က ယူတတ်ဖို့ပဲ လိုတာပါ ယူတတ်ရင် ရပါတယ်
ဘဝအမောတွေ ဖြေဖျောက် တမှေးလောက် တော့ ကိုယ်ချစ်ရသူရဲ့ အသည်းတစ်ခြမ်းကိုယ်စားပြု ရင်ခွင်ထဲ အိပ်စက်နားခိုရင်း နောင် အနာဂတ်လမ်းခရီးအတွက် အားမွေးပြီး နှစ်ဦးသား အိပ်ရေးဝလိုက်ကြရအောင်