ပ ရိသတ်ကြီးရေ.အဆိုတော်ထူးအယ်လင်းကတော့ ဂီတလောကရဲ့ အကျော်အမော်တစ်ဦးဖြစ်ပြီး အိန်ဂျယ်တယော ၊ အချစ်လို့ခေါ်လား စတဲ့ သီချင်းကောင်းလေးတွေနဲ့အတူ ပရိသတ်ရင်ထဲကို ထိစေခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ် ။

မိသားစုနဲ့ ပျော်ပျော်နေရင်း ပရဟိတအလုပ်တွေနဲ့ ပျော်မွေ့နေတတ်တဲ့ ထူးအယ်လင်းကတော့ ပွင့်ပွင့်လင်းလင်း သမားတစ်ယောက်ဖြစ်ပြီး ပြောစရာရှိတာကို အားမနာတမ်းပြောတတ်တဲ့ လူဖြောင့် လူရိုးတစ်ယောက်ဆိုတာကိုတော့ ပရိသတ်တွေကို အထူးတလည် ပြောပြနေစရာမလိုတော့ပါဘူးနော် ။

လတ်တလောမှာလည်း သီချင်းဆိုပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ် ။ ပြိုင်တယ်ဆိုတာ ပါရမီမရှိတဲ့သူတွေ လုပ်တဲ့အလုပ်ဖြစ်ပြီး ပါရမီရှိတဲ့သူတွေဟာ ကိုယ်ဆိုချင်တဲ့ သီချင်းဆို ကိုယ့်အလုပ်ကိုယ်လုပ် ၊ လုံးဝမာန်မလျှော့နဲ့ ဇွဲမလျှော့နဲ့ တစ်ချိန်ကျရင်အောင်မြင်လိမ့်မယ် လို့ ပြောပြလာခဲ့တာဖြစ်ပါတယ် ။

သူကိုယ်တိုင်လည်း ငယ်ငယ်ထဲက ကိုယ့်အနုပညာ ဝမ်းစာ ကိုယ်ဖြည့်ပြီးကြိုးစားပြီးမှ ပရိုဂျုဆာရပြီး ခုလိုမျိုးထူးအယ်လင်းဆိုပြီး ဖြစ်လာခဲ့တာလို့လည်း သိရပါတယ် ။ ပြိုင်ပွဲဝင်တဲ့သူတွေလည်း ပြိုင်မနေနဲ့ ရှုံးမှာပဲ တစ်ယောက်တစ်ပေါက်တွေဆိုတော့ ပြိုင်တာဆိုင်တာတွေမကြိုက်ဘူး ဇရှိရင်ကိုယ့်ဘာကိုယ် ကြိုးစား ဘာပြိုင်ပွဲမှ ပြိုင်စရာမလိုဘူးလို့လည်း ပွင့်ပွင့်လင်းလင်းပြောခဲ့ပါသေးတယ် ။

ပြိုင်ပွဲဝင်ကလေးတွေရဲ့ ဒိုင်တွေကို မျက်နှာငယ်လေးတွေနဲ့ကြည့်နေတဲ့ ပုံတွေကို အမုန်းဆုံးပဲဖြစ်လို့ ဒိုင်အဖြစ်ကမ်းလှမ်းလာရင်တော့ ဘယ်တော့မှမလုပ်ဘူးလို့ လည်း ပြောခဲ့ပါတယ် ။

ထူးအယ်လင်းက တော့ ပြိုင်ပွဲဝင်နေကြတဲ့ လူငယ်တွေကို ကိုယ့်အားကိုယ်ကိုး ပြီးကြိုးစားဖို့ ပွင့်ပွင့်လင်းလင်း သူ့ထင်မြင်ချက်တွေကို ပြောပြခဲ့တာဖြစ်ပါတယ် ။ ပရိသတ်ကြီးရော ထူးအယ်လင်းရဲ့ အမြင်နဲ့ထပ်တူကျရဲ့လား ။Source : Pan Pwint