Myanmar Idol Season 4 ပြိုင် ပွဲကြီးကတော့ အောင်မြင်မှုတွေ နဲ့အတူ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ Season 4 ရဲ့ Winner အဖြစ် အေးမြဖြူ နဲ့ အက်စတာ တို့ နှစ်ဦးသား ထင်မြင်ချက်တွေနဲ့ ပရိသတ်အားပေးခဲ့ပေမယ့် တကယ်တမ်း Winner အစစ်အမှန်အဖြစ်အက်စတာ တစ်ယောက် အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

အက်စတာ တစ်ယောက် အနိုင်ရရှိချိန်မှာ ပြိုင်ဘက်လို့ ဆိုနိုင်တဲ့ အေးမြဖြူတစ်ယောက်ကတော့ အရာရာကို အသက်အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်စွာ ဖြတ်ကျော်နိုင်ခဲ့လို့ ပရိသတ်က သဘောကျနှစ်သက်ကြပါတယ်။ အနိုင်အရှုံးကို ကြည်ဖြူစွာ လက်ခံရဲတဲ့ အေးမြဖြူလေးရဲ့မျက်နှာဟာ လကလေးလို ဝင်းပကြည့်ကောင်းနေခဲ့ပါတယ်။

သူမ Winner မဖြစ်ခဲ့တဲ့အတွက် သူမရဲ့ We love Fans တွေက စိတ်မကောင်းဖြစ်ခဲ့ကြပေမယ့် အခုလို အေးမြဖြူလေးက မတုန်မလှုပ်ပဲ ရင်ဆိုင်နိုင်ခဲ့တော့ ပရိသတ်လည်း ဂုဏ်ရှိခဲ့ရပါတယ်။ ဒီလို ပရိသတ်တွေအများကြီးထဲမှာမှ ပရိသတ်စစ်စစ် တစ်ဦးပါဆိုတဲ့ သရုပ်ဆောင် နေမင်းကတော့ အေးမြဖြူလေး စိတ်ဓာတ်ကျသွားမှာစိုးလို့ အားပေးစကား အရှည်ကြီးကို အခုလိုပဲ ရေးသားထားတာကိုတွေ့ရပါတယ်။

” သမီး အေးမြဖြူရေ.. Myanmar Idol က ပြီးသွားပါပြီ။ ကံမကောင်းစွာနဲ့ သမီးရခဲ့တဲ့ ပရိသတ်ဟာ

ငွေသိပ် မသုံးနိုင်ခဲ့လို့ (Voting စနစ်အရ) Winner မဖြစ်ခဲ့ပေမယ့် သမီးမှာ ကံကောင်းတဲ့ အချက်ရှိပါတယ်။ အဲဒါကတော့ သမီးကို အားပေးတဲ့သူတွေက “အေးမြဖြူ”စစ်စစ်ကိုသာ အားပေးကြတာပဲ ဖြစ်တယ်။

သမီးကို အားပေးခြင်းမှာ ရုပ်ချောခြင်း မပါဘူး..
သမီးကို အားပေးခြင်းမှာ တပ်မက်မှုတွေ မပါဘူး..
သမီးကို အားပေးခြင်းမှာ ဘာသာရေး မပါဘူး..

သမီးကို အားပေးခြင်းမှာ လူမျိုးရေး မပါဘူး..
သမီးကို အားပေးခြင်းမှာ ဒေသစွဲ မပါဘူး..
သမီးကို အားပေးခြင်းမှာ သနားခြင်း မပါဘူး..

သမီးကို အားပေးခြင်းမှာ “အေးမြဖြူ”လို့ခေါ်တဲ့
ကောင်မလေးတစ်ယောက်ကို
ဖြူဖြူစင်စင်ချစ်ကြတဲ့ ချစ်ခြင်းမေတ္တာသီးသန့်ပဲ

100 ‰ ပါတယ် သမီး အေးမြဖြူရေ..Myanmar Idol က ပြီးသွားပါပြီ။ဒါပေမဲ့ တကယ့်ဘဝက ခုမှ စတာ။

တစ်ခါ တစ်လေမှာ အမြင့်ဆုံးကို မရောက်ခဲ့တာ ပိုကောင်းပါတယ် သမီး.. (ဒီစကားရဲ့အဓိပ္ပါယ်ကို သိပ်မကြာခင်ပဲသမီးနားလည်သွားလိမ့်မယ်..) Winner မဖြစ်ခဲ့တဲ့အတွက် သမီးရှေ့ဆက်လျောက်ရမယ့် အနုပညာခရီးမှာကန့်သတ်ချက် လျော့သွားမယ်။အနှောင်အဖွဲ့ နည်းသွားမယ်။ကိုယ့်ငွေနဲ့ကိုယ် အခွေထုတ်မှာမို့ဘယ်သူ့လွှမ်းမိုးမှုမှ မပါဘဲအနုပညာကို စိတ်ကြိုက် ဖန်တီးလို့ရမယ်။အကောင်းဘက်က (ဖြည့်) တွေးရင် အများကြီးပဲ..သမီးရေ..ဒီအသက်အရွယ်မှာ ရှိသင့်တဲ့ဝမ်းစာလည်း သမီးမှာ ပြည့်ပါပြီ..။ခိုင်မာတဲ့ ပရိသတ်လည်းရှိနေပါပြီ..။ဒါကြောင့် ဘာကို စိုးရိမ်နေအုံးမှာလဲ..အနုပညာ ပင်လယ်ကြီးထဲ ရဲရဲရင့်ရင့် ရွက်လွှင့်ပါတော့..

သမီးရဲ့ ချိုမြကြည်လင်တဲ့ သီချင်းလေးတွေကို နားထောင်ဖို့ေ မျှာ်လင့်စောင့်စားနေတဲ့ ပရိသတ်တွေအတွက် ကိုယ်ပိုင် သီချင်းကောင်းလေးတွေအမြန်ဆုံး ဖန်တီးပေးပါတော့..ကွယ်။ Myanmar Idol ပြီးသွားလည်းအားပေးမှုကတော့ ရပ်တန့်မသွားမယ့်သမီးရဲ့ ပရိသတ်အစစ်အမှန်ပေါင်းများစွာထဲက တစ်ယောက်

ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ်။

ဟုတ်ကဲ့ပါ ပရိတ်သတ်ကြီးရေ။ အရာရာ မှာ အကောင်းအဆိုးတွေ ဒွန်တွဲနေတာကြောင့် သရုပ်ဆောင် နေမင်းပြောသွားတာလေးတွေကလည်း အခြား ရှုထောင့်တစ်ခုကနေ အေးမြဖြူအတွက် စိတ်ဓာတ်မကျစေဖို့အတွက် ခွန်အားဖြစ်စေမှာပါနော်။

Writer- SMT(Shwe Yaung Lan)