စြမ္းသဘင္ ဘာေၾကာင့္ ဖ်က္သိမ္းရတယ္ဆိုတာကို ေျပာျပလာတဲ့ လူရႊင္ေတာ္ ေကာင္းေက်ာ္

ပရိသတ္ႀကီးေရ ဇာတ္မင္းသာေတြထဲက ထိပ္တန္းမင္းသားတစ္ေယာက္ျဖစ္တဲ့ စြမ္းဇာနည္ကေတာ့ စြမ္းဇာတ္သဘင္ကို ဖ်က္သိမ္းလိုက္ၿပီလို႔သိရပါတယ္ေနာ္။ ဇာတ္သဘင္ပ်က္ခဲ့ရတဲ့အေပၚ လူရႊင္ေတာ္ေကာင္းေက်ာ္ကလည္း သူ႔ရဲ့အျမင္ထင္ျမင္ခ်က္ေတြကို မီဒီယာကတစ္ဆင့္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။

လူရႊင္ေတာ္ ေကာင္းေက်ာ္ကေတာ့ စြမ္းတစ္ေယာက္ အခုလိုေတြျဖစ္ေနတာ ေသြးရိုးသားရိုးမဟုတ္ဘဲ မျမင္အပ္တဲ့ အေႏွာင့္အယွက္ ပေယာဂေတြ ေၾကာင့္ ျဖစ္မယ္လို႔ ေျပာျပခဲ့ပါတယ္။

စြမ္းဟာ လက္ရွိဇာတ္သဘင္မင္းသားေတြထဲမွာ ႐ုပ္ရည္အသံ ပါရမီေတြအေနနဲ႔ ရွားမွရွား မင္းသားတစ္ေယာက္ျဖစ္တာေၾကာင့္ ဇာတ္သဘင္ပ်က္သြားတဲ့ အေပၚ သဘင္အဖြဲ႕ကိုေရာ လူကိုေရာ ႏွေမၽွာမိတယ္လို႔ ေျဖၾကားခဲ့ပါတယ္။

ဒီေနရာအေျခအေနေရာက္တဲ့ထိ ႀကိဳးစားလာရတဲ့စြမ္းအေနနဲ႔ မွီခိုေနရတဲ့ ဇာတ္သဘင္တစ္ခုလုံး ဒုကၡေရာက္တဲ့အေပၚ စိတ္မေကာင္းျဖစ္မိတဲ့အျပင္ ေတြ႕တဲ့အခါတိုင္းလည္း ဆုံးမျဖစ္တယ္လို႔သိရပါတယ္။

ဆုံးရႈံးမႈအမ်ားဆုံးကေတာ့ စြမ္းျဖစ္ၿပီး မၾကာခင္မွာ စြမ္းတစ္ေယာက္ ျပန္လည္နိုးထလာမယ္လို႔ သုံးသပ္မိလာတာေၾကာင့္ စြမ္းတစ္ေယာက္ အျမန္ဆုံး က်န္းမာေရး ေကာင္းလာပါေစလို႔ ဆုေတာင္းေပးခဲ့ပါတယ္။ ပရိသတ္ႀကီးလည္း စြမ္းက်န္းမာေရးအတြက္ ဆုေတာင္းေပးခဲ့ၾကပါဦး။

Credit to sankyipar

Unicode

စွမ်းသဘင် ဘာကြောင့် ဖျက်သိမ်းရတယ်ဆိုတာကို ပြောပြလာတဲ့ လူရွှင်တော် ကောင်းကျော်

ပရိသတ်ကြီးရေ ဇာတ်မင်းသာတွေထဲက ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ စွမ်းဇာနည်ကတော့ စွမ်းဇာတ်သဘင်ကို ဖျက်သိမ်းလိုက်ပြီလို့သိရပါတယ်နော်။ ဇာတ်သဘင်ပျက်ခဲ့ရတဲ့အပေါ် လူရွှင်တော်ကောင်းကျော်ကလည်း သူ့ရဲ့အမြင်ထင်မြင်ချက်တွေကို မီဒီယာကတစ်ဆင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

လူရွှင်တော် ကောင်းကျော်ကတော့ စွမ်းတစ်ယောက် အခုလိုတွေဖြစ်နေတာ သွေးရိုးသားရိုးမဟုတ်ဘဲ မမြင်အပ်တဲ့ အနှောင့်အယှက် ပယောဂတွေ ကြောင့် ဖြစ်မယ်လို့ ပြောပြခဲ့ပါတယ်။

စွမ်းဟာ လက်ရှိဇာတ်သဘင်မင်းသားတွေထဲမှာ ရုပ်ရည်အသံ ပါရမီတွေအနေနဲ့ ရှားမှရှား မင်းသားတစ်ယောက်ဖြစ်တာကြောင့် ဇာတ်သဘင်ပျက်သွားတဲ့ အပေါ် သဘင်အဖွဲ့ကိုရော လူကိုရော နှမျှောမိတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒီနေရာအခြေအနေရောက်တဲ့ထိ ကြိုးစားလာရတဲ့စွမ်းအနေနဲ့ မှီခိုနေရတဲ့ ဇာတ်သဘင်တစ်ခုလုံး ဒုက္ခရောက်တဲ့အပေါ် စိတ်မကောင်းဖြစ်မိတဲ့အပြင် တွေ့တဲ့အခါတိုင်းလည်း ဆုံးမဖြစ်တယ်လို့သိရပါတယ်။

ဆုံးရှုံးမှုအများဆုံးကတော့ စွမ်းဖြစ်ပြီး မကြာခင်မှာ စွမ်းတစ်ယောက် ပြန်လည်နိုးထလာမယ်လို့ သုံးသပ်မိလာတာကြောင့် စွမ်းတစ်ယောက် အမြန်ဆုံး ကျန်းမာရေး ကောင်းလာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ ပရိသတ်ကြီးလည်း စွမ်းကျန်းမာရေးအတွက် ဆုတောင်းပေးခဲ့ကြပါဦး။

Credit to sankyipar