မြန် မာနိုင်ငံရဲ့ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးအစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကတော့ Season-4 အထိပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ သီချင်းဆိုပြိုင်ပွဲတွေထဲမှာမှ လူကြည့်အများဆုံး၊ ပွဲအဆူဆုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး အမျိုးအမျိုးသောရသတွေကို ပေးစွမ်းနိုင်ဆုံးပြိုင်ပွဲတစ်ခုဆိုရင်လည်းမမှားပါဘူး။

မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ မျိုးဆက်သစ်လူငယ် ရွက်ပုန်းသီးလေးတွေကိုမြေတောင်မြှောက်ပေးတဲ့ပြိုင်ပွဲတစ်ခုဖြစ်တဲ့အပြင် မြန်မာအိုင်ဒေါရဲ့ပံ့ပိုးမှုတွေနဲ့ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်နိုင်မယ့်ပွဲတစ်ခုဖြစ်တာကြောင့် လာရောက်ယှဉ်ပြိုင်ကြတဲ့ဝါသနာရှင်တွေကလည်း အများအပြားပါပဲ။ အဲ့ဒီထဲမှာမှ အတော်ဆုံးတွေစိစစ်ရွေးချယ်ရပြီး မြန်မာအိုင်ဒေါရဲ့စင်မြင့်ထက်သို့ တက်လှမ်းစေကာ ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကြီးကို ရရှိခဲ့တဲ့ပြိုင်ပွဲဝင် လက်ရှိအချိန်ထိ (၄)ဦးတိတိ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။

Season-1 မှာတော့သီချင်းဆိုရင်အမှားလုံးဝနီးပါးမရှိသူ၊ အသံအေးအေးလေးနဲ့ပရိသတ်ရဲ့နှလုံးသားကို သိမ်းပိုက်ခဲ့သူ စောလားထော်ဝါးကရရှိခဲ့ပြီး Season-2 မှာတော့ မေမြို့လမ်းမှာအကြော်ရောင်းသူဘဝကနေ အားကောင်းတဲ့အသံပါဝါနဲ့သီချင်းတိုင်းကို လိုက်ပါစီးမျောနိုင်တာကြောင့် ပရိသတ်ရဲ့အချစ်တွေအားလုံးကိုရရှိခဲ့သူ သားငယ်ကရရှိခဲ့ပါတယ်။ Season-3 မှာတော့ ထူးခြားတဲ့အသံပါရမီရှိသူ ဟင်္သာတသားရွက်ပုန်းသီးလေးဖြိုးမြတ်အောင်က Winner ဆုကြီးကိုသိမ်းပိုက်ခဲ့ပြီး မနေ့ကျင်းပခဲ့တဲ့ Season-4 ရဲ့Final Show ကြီးမှာတော့ ချင်းတောင်က တန်ဖိုးကြီးမားတဲ့ပန်းလေးတစ်ပွင့်ဖြစ်တဲ့အက်စတာက သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအိုင်ဒေါရဲ့ Voting စနစ်အရ Vote များများပေးနိုင်တဲ့သူကသာ Winner ဆုကြီးကိုရရှိတာမို့ ကိုယ်မှန်းထားတဲ့ပြိုင်ပွဲဝင်နဲ့ပတ်သက်ပြီး Winner ဆုကြီးပေးတဲ့အချိန်အတိုင်း ပွဲဆူလေ့ရှိမြဲပါ။ မနေ့ညက result show မှာလည်း ပွဲဆူခဲ့ကြမှာအမှန်ပါပဲ။ မည့်သို့ပင်ဆိုစေ Winner ဆုကြီးကိုသိမ်းပိုက်ရရှိခဲ့ကတည်းက ပရိသတ်အင်အားအများဆုံးလို့ခန့်မှန်းနိုင်တာမို့ Winner(၄)ဦးစလုံးကိုတော့ ပရိသတ်ကြီးစိတ်ကျေနပ်ခဲ့လိမ့်မယ်လို့ထင်ပါတယ်နော်။

Source – Myanmar Idol
Rainbow- Cele Gabar