တ စ်နိုင်ငံလုံးက ပြည်သူတွေ စိုးရိမ်နေကြတဲ့ မော်လမြိုင်က သားအဖနှစ်ယောက် ပျောက်ဆုံးမှုက အဖြေပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ သားအဖနှစ်ယောက်စလုံး ကားနဲအတူတူပျောက်သွားပြီး (၁၉) ရက်ကြာမှ မြစ်ထဲကနေ ကားနဲ့အတူတူ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သားအဖနှစ်ယောက်အတွက် တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း စုတ်သတတ်တတ်ဖြစ်နေကြတာပါ။

ရုပ် ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းကလည်း သားသမီးရှိတဲ့မိဘတစ်ယောက်ပီပီ ကွယ်လွန်သွားရှာတဲ့ ကလေးလေးအတွက် ပိုပြီး စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းက ဆရာဝန်သားအဖနှစ်ယောက် မကွယ်လွန်မီညက စားသောက်ဆိုင်မှာ အပေါင်းအသင်းတွေနဲ့ရှိနေခဲ့တဲ့ CCTV မှတ်တမ်းသတင်းကိုကြည့်ပြီး စိတ်မကောင်းစွာနဲ့ အခုလိုပဲ ပြောပြထားပါတယ်။

“အပေါင်းအသင်းမကောင်းတာပဲပြောရမယ် ကလေးနဲ့လာတာကို မသောက်ဖို့မတားပဲ အဲလိုမူးနေတာကိုဒီတိုင်းပေးပြန်တယ်။ မိသားစုရှိတယ်ဆိုထဲက အပေါင်းအသင်းကောင်းတွေနဲ့ပဲပေါင်းရမှာ ကြားထဲက ကလေးပဲသနားတယ် မိတ်ဆွေကောင်းတွေဆိုရင် အဲ့လိုတစ်ယောက်ထဲလာတာဆိုရင်တောင် အဲ့လောက်မူးအောင်ပေးမသောက်ရဘူး ကြောက်စရာ မိတ်ဆွေအတုတွေ 😡” ဆိုပြီး ပြောထားပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ ကလေးရှိသူ မိခင်တစ်ယောက်ပီပီ မိခင်ချင်းကိုယ်ချင်းစာစိတ်ဖြစ်နေတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Thinzar Nwe Win’s fb