ပရိ သတ်ကြီးရေ ၊ အိုင်ဒေါပြိုင်ပွဲကြီးမှာ အက်စတာတစ်ယောက် အနိုင်ရရှိသွားခဲ့ပေမယ့် မပြီးသေးတဲ့ ပြိုင်ပွဲတွေအတွက် ဘင်ဂျမင်ရဲ့ ပရိသတ်တွေက စတင်စိန်ခေါ်လိုက်ပါပြီ ။

ဘင်ဂျမင့် ကို ကိုယ်ပိုင်စီးရီးထုတ်ပေးဖို့ အတွက် ကမ္ဘာအရပ်ရပ်က ချင်းလူမျိုးတွေနဲ့ ပရိသတ်အမာခံတွေက ကြိုးပမ်းလာကြတာပါ ။အခုတစ်ခေါက်မှာ Benjamin အတွက် Gofundmeပြုလုပ်ပြီး အလှူငွေ တွေပေးအပ်ဖို့ ပရိသတ်တွေက Campaignပြုလုပ်နေကြပါပြီ ။

ပြု လုပ်သူကတော့ အမေရိကနိုင်ငံ အင်ဒီယာနာပိုလစ်မြို့က Dave Biak ဖြစ်ပြီး ဒေါ်လာ (၁၅,၀၀၀) မြန်မာကျပ်ငွေ သိန်း (၂၀၀)ကျော်ရရှိဖို့မျှော်မှန်းထားပါတယ်။အက်စတာ ဆုကြေးဟာ သိန်းနှစ်ရာဖြစ်တာမို့ ဒီ ကမ်ပိန်းအောင်မြင်ခဲ့ရင် အက်စတာကို ပုခုံးချင်းတန်းတူယှဉ်နိုင်သွားမှလည်းဖြစ်ပါတယ်။

ယင်းအလှူများတွင် အချို့က မြန်မာငွေကျပ် သုံးသိန်း နီးပါးပေးလှူတဲ့သူတွေလည်းရှိပါတယ်။အခုလို အက်စတာ့ထက်စာရင် ချင်းလူမျိုးတွေ ရပ်တည်ပေးတာ ခံရတဲ့ဘင်ဂျမင်ဟာ မိခင်အပေါ်ထားတဲ့ မေတ္တာ ၊ ဘာသာတရားကို လေးစားကိုင်းရှိုင်းတာတွေကြောင့်လား မေးခွန်းထုတ်စရာပါ ။ ပရိသတ်ကြီးရေ ဒီအကြောင်းအရာလေးနဲ့ ပတ်သက်ပြီး မှတ်ချက်လေးတွေပေးခဲ့ကြပါဦး ။Source – Zalen