နိုင် ငံကျော်ဒိတ်ဒိတ်ကြဲမင်းသား ခန့်စည်သူကတော့ “Legends of Warriors (တစစ်တမက် ကိုယ်နှင့်သက်ကို)” ရုပ်ရှင်ဇာတ်ကားကြီးကို ဗထူးတပ်မြို့မှာသွာရောက်ရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကူးရေးနားတိုင်း အလှူလေးတွေလုပ်လေ့ရှိပြီး လက်ရှိမှာလည်း တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)မှ စစ်သည်များ၊ရဲမေများအတွက် ပျော်စရာ အလှူလေး လုပ်နိုင်ခဲ့တဲ့ပါတယ်။ တပ်မိသားစုများ ဝမ်းသာ ပျော်ရွှင်နေတာကိုမြင်ရတော့ အားလုံးနဲ့ထပ်တူ ကျေနပ်ပီတိဖြစ်မိပါတယ်။” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လူ ပျိုကြီးခန့်စည်ကတော့ မကြာသေးမှီရက်ပိုင်းကမှ ဗထူးတပ်နယ် သင်တန်းကျောင်းများ ဓမ္မာရုံအတွက် လိုအပ်တဲ့ စာအုပ်တွေကိုလည်း “ဗထူးတပ်နယ် သင်တန်းကျောင်းများ ဓမ္မာရုံအတွက် တရားစာအုပ်များကို လှူဒါန်းပြီး၊ သင်တန်းသားများအတွက် သုတ၊ရသ စာအုပ်များကို တော်ဝင်ဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့ပါသည်။” လို့ ဖော်ပြခဲ့ပါသေးတယ်။သူဟာ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေက ချစ်စနိုးနဲ့ “ကိုခန့်”လို့ ခေါ်ကြပြီး အနုပညာလောကမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ပီပြင်လှတဲ့ သူရဲ့ သရုပ်ဆောင်မှုတွေကြောင့် (၂၀၀၈)ခုနှစ်မှာ “အများနဲ့ မသက်ဆိုင်သောသူ” ဇာတ်ကားကြီးဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကြီးကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသား လူပျိုကြီးခန့်စည်သူကတော့ ရှမ်းပြည့်နယ် ဗထူးတပ်မြို့ကို ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရန်ရောက်ရှိနေတာဖြစ်ပြီး ရိုက်ကူးရေးနားတိုင်း အလှူလေးတွေ ဆက်တိုက်လုပ်နေတော့ပါပဲနော်။

Source: Kyaw Soe Win
DarDar-CeleGabar