ငါ တို့ မလုပ်နိုင်ကြတဲ့ အပြုံး တချို့မိန်းမတွေ မင်းတွေ့ဖူးမှာပါ အနိုင်ကိုရင်ပြုံးမယ် ပျော်မယ် အောင်ပွဲခံမယ် အရှုံးကိုကြုံလာချိန်မှာတော့ မပြုံးနိုင်တော့ဘူး ငိုမယ် တခြားသူအတွက်ဝမ်းသာမပေးနိုင်ဘူး ဟန်မဆောင်နိုင် ငါတို့မျက်နှာတွေပျက်ကြမယ် ရှားတော့ရှားတယ် ရှိတယ် တချို့အမျိုးသမီးလေးတွေ ကတော့ ရှုံးလည်း မငိုဘူး ပြုံးပြုံးလေးဘဲ ဘဲ နိုင်လည်း ပြုံးပြုံးဘဲ ထူးပြီး ဝမ်းနည်းတာတွေ ဝမ်းသာတာတွေ မရှိတော့ဘူး စိတ်ကိုအကောင်းဆုံးပြင်ဆင်ထားတယ် စိတ်ဓာတ်ခွန်အားပြည့်ဝနေတဲ့ အမျိုးသမီးတွေပေါ့ နောက်မှာနေရလည်း ပြုံးနေမယ်

ရှေ့မှာေ နရရင်လည်းပြုံးမယ် ကိုယ့်နောက်ရောက်ပြီး တစ်ပါးသူရှေ့ရောက်နေလည်း သူ့အတွက် အကောင်းဆုံးပျော်နေပေးမယ် သူကိုကြည့်ပီး ပြုံးပျော်နေမယ် ဒီလိုအပြုံးမျိုးကို မနေ့ကမြန်မာidolမှာ ငါမြင်လိုက်ရတယ် ဒီကလေးသာသာကောင်မလေးက တကယ်ကြီးကို ပြုံးနိုင်နေတယ် ငါတို့အသက်နဲ့စာရင်သူအများကြီး ငယ်သေးတယ်ဒါကိုသူကရင့်ကျတ်နေတယ် ကိုယ်သာဆိုရင် မျက်နှာပျက်မိအုန်းမယ် အသက်ကသာငယ်ပေမယ့် သူကဘဝတိုက်ပွဲမှာ ငါတော့ အတုယူရမယ့် အရာလေးတစ်ခုကိုလုပ်ပြနိုင်တယ် မိန်းကလေး တွေဆိုသိမှာပါ မိန်းမတွေက ယှဉ်ပြိုင်လိုစိတ်များတယ် နိုင်လိုစိတ်ပြင်းပြတယ် စိုးရိမ်ပူပန်မှုများတယ် အရှုံးကိုကြောက်ကြတယ် ဘယ်အရာမဆို အရှုံးနဲ့ကျန်ခဲ့မှာ သိပ်ကြောက်ပြီး ဟန်မဆောင်နိုင်အောင်ကို မျက်နှာတွေပျက်ကြတာ အဲ့ထဲမှာ ငါလည်းအပါအဝင် တစ်ခုခုဆုံးရှုံးသွားပြီဆိုတာနဲ့ အရင်ဆုံးငိုဖို့ဘဲလုပ်ကြတာ မိန်းကလေးတိုင်းဘဲ

ယောကျာ်းတွေ က အဲ့တစ်ခုတော့ သာတယ် သူတို့က လုပ်ဆိုလုပ်လိုက်တာ အရှုံးတွေ အနိုင်တွေသိပ်စိတ်မဝင်စားဘူး မိန်းမတွေကကြ ဗီဇလားမသိဘူး မွေးကတည်းက ပြိုင်လာခဲ့ကြတာ သူ့သမီးကိုယ့်သမီးပြိုင်တယ် အတန်းထဲမှာ စာပြိုင်တယ် ပထမ ဒုတိယ အသုံးအဆောင်တွေပြိုင်တယ် အလှအပပြိုင်တယ်သူငယ်ချင်းလိုသာဆိုပေမယ့် အတွင်းစိတ်ထဲမှာ ကျိတ်ပြိုင်နေကြတာဘဲ (အနည်းငယ်သာရင်ဘတ်နဲ့ပေါင်းကြတာ) ပြိုင်ဆိုင်ခြင်းမှာ အနိုင်ယူလိုစိတ် အရှုံးကိုလက်မခံရဲတဲ့ သတ္တိတွေကြောင့် ပထမကို မရကြဘဲ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ ပြုံးနိုင်တဲ့သူရှားတယ် ကျရှုံးရင်လည်း ငိုတတ်ပြီး မုဒိတာ မပွားနိုင်ဘဲ အောင်နိုင်သူနဲ့ရန်သူတွေဖြစ်သွားတတ်ကြတယ်

တကယ်တော့ ငါတို့မေ့နေကြတာ အရှုံးတခါကြုံတိုင်း ဘဝကြီးက အရှုံးနဲ့ဘဲပြီးဆုံးသွားတာမဟုတ်တာအချိန် ဒီအချိန်ဟာ ကိုယ့်အတွက်အချိန်မရောက်လို့သာလွဲခဲ့ရချင်းလေ ငါတို့က အရှုံးကိုလက်မခံနိုင်ဘူး ရှုံးရင်ငိုရမယ် နိုင်ရင် ပြုံးရမယ် ဒါငါတို့အစဉ်အဆက်နားလည်လာတာ ရှုံးတဲ့အခါတိုင်းပြုံးပြဖို့ မလုပ်နိုင်ကြဘူးပြုံးတာဘာမှမခက်ပေမယ့် တကယ်မလွယ်ဘူးနော် ငါတို့ငယ်ငယ်တုန်းက ကျောင်းစာသင်ခန်းမှာ ပထမနဲ့ လွဲတော့ ပြုံးနိုင်ခဲ့လား ဆုတက်ယူတဲ့အခါ ပထမ ဒုတိယ တတိယ တွေကိုမြင်ပြီး မင်းပြုံးနိုင်ခဲလားမညာပါနဲ့ ငါတော့မပြုံးနိုင်ခဲ့ဘူး သိမ်ငယ်တာလိုလို ဝမ်းနည်းတာလိုလို မနာလိုတာလိုလိုနဲ့ မျက်နှာပျက်ခဲ့ကြတာ ကိုယ်တိုင်လုပ်ခဲတဲ့အကျိုးကို ကိုယ်ပြန်ရတဲ့ ကျောင်းစာမေးပွဲမှာ ပထမနဲ့လွဲတုန်းက ငါတို့မပြုံးနိုင်တာဘဝပြိုင်ပွဲတွေမှာ အရှုံးနဲ့ရင်ဆိုင်ရင် ငါတို့က ပြုံးပြဖို့မပြောနဲ့ တန်းကို ဟန်မဆောင်နိုင်အောင် မျက်နှာတွေ ပျက်ကြမှာနိုင်တဲ့အခါ ပြုံးနိုင်ဖို့ထက် ဘယ်လိုအခြေအနေမဆို ပြုံးနိုင်ဖို့က အဓိကအရေးကြီးတယ် စိတ်ဓာတ်ခွန်းအား ပြည့်ဝနေဖို့အရေးကြီးတယ် ဘာဘဲဖစ်လာဖစ်လာ

အကောင်းဆုံး လက်ခံနိုင်ပြီး အရှုံးလည်းပြုံးနိုင် အနိုင်ရလည်း ပြုံးနေနိုင်ဖို့ ငါတို့တကယ်ကြိုးစားရမယ်


Phoo

Unicode

လူူတိုင်းရင်မဆိုင််နိုင််လောက်တဲ့ အပြုံး နှင့် တစ်နိုင်ငံံလုံးပရိတ််သတ်တွေအတွက်် အေးမြဖြူပေးခဲ့သည့် သင်ခန်းစာ

ငါတိုိ့ မလုပ်နိုိင်ကြတဲ့ အပြုံး တချို့မိန်းမတွေ မင်းတွေ့ဖူးမှာပါ အနိုင်ကိုရင်ပြုံးမယ်် ပျော်မယ် အောင်ပွဲခံမယ် အရှုံးကိုကြုံလာချိန်မှာတော့ မပြုံးနိုင်တော့ဘူး ငိုမယ် တခြားသူအတွက်ဝမ်းသာမပေးနိုင်ဘူး ဟန်မဆောင်နိုင် ငါတို့မျက်နှာတွေပျက်ကြမယ် ရှားတော့ရှားတယ် ရှိတယ် တချို့အမျိုးသမီးလေးတွေ ကတော့ ရှုံးလည်း မငိုဘူး ပြုံးပြုံးလေးဘဲ ဘဲ နိုင်လည်း ပြုံးပြုံးဘဲ ထူးပြီး ဝမ်းနည်းတာတွွေ ဝမ်းသာတာတွေ မရှိတော့ဘူး စိတ်ကိုအကောင်းဆုံးပြင်ဆင်ထားတယ် စိိတ်ဓာတ်ခွန်အားပြည့်ဝနေတဲ့ အမျိုးသမီးတွေပေါ့ နောက်မှာနေရလည်း ပြုံးနေမယ််

ရှေ့မှာနေရရင်လည်းပြုံးမယ် ကိုယ့်နောက်ရောက်ပြီး တစ်ပါးသူရှေ့ရောက်နေလည်း သူ့အတွက်် အကောင်းဆုံးပျော်နေပေးမယ် သူကိုကြည့်ပီး ပြုံးပျော်နေမယ် ဒီလိုအပြုံးမျိုးကို မနေ့ကမြန်မာidolမှာ ငါမြင်လိုက်ရတယ် ဒီကလေးသာသာကောင်မလေးက တကယ်ကြီးကိုိ ပြုံးနိုင်နေတယ် ငါတို့အသက်နဲ့စာရင်သူအများကြီး ငယ်သေးတယ်ဒါကိုသူကရင့်ကျတ်နေတယ် ကိုိယ်သာဆိုရင် မျက်နှာပျက်မိအုန်းမယ် အသက်ကသာငယ်ပေမယ့် သူကဘဝတိုက်ပွဲမှာ ငါတော့ အတုယူရမယ့် အရာလေးတစ်ခုကိုလုပ်ပြနိုင်တယ် မိိန်းကလေး တွေဆိုသိမှာပါ မိန်းမတွေက ယှဉ်ပြိုင်လိုစိတ်များတယ် နိုင်လိုစိတ်ပြင်းပြတယ်် စိုးရိိမ်ပူပန်မှုများတယ် အရှုံးကိုကြောက်ကြတယ် ဘယ်အရာမဆိုိ အရှုံးနဲ့ကျန်ခဲ့မှာ သိပ်ကြောက်ပြီး ဟန်မဆောင်နိုင်အောင်ကို မျက်နှာတွေပျက်ကြတာ အဲ့ဲထဲမှာ ငါလည်းအပါအဝင် တစ်ခုခုဆုံးရှုံးသွားပြီဆိုတာနဲ့ အရင်ဆုံးငိုဖို့ဘဲလုပ်ကြတာ မိန်းကလေးတိုင်းဘဲ

ယောကျာ်းတွေက အဲ့တစ်ခုတော့ သာတယ်် သူတိုိ့က လုပ်ဆိုိလုပ်လိုက်တာ အရှုံးတွွေ အနိိုင်တွေသိပ်စိတ်မဝင်စားဘူး မိန်းမတွေကကြ ဗီဇလားမသိိဘူး မွေးကတည်းက ပြိုင်လာခဲ့ကြတာ သူ့သမီးကိုိယ့်သမီးပြိုင်တယ်် အတန်းထဲမှာ စာပြိုင်တယ် ပထမ ဒုတိိယ အသုံးအဆောင်တွေပြိုင်တယ်် အလှအပပြိုင်တယ််သူငယ်ချင်းလိုသာဆိုိပေမယ့် အတွင်းစိတ်ထဲမှာ ကျိိတ်ပြိုင်နေကြတာဘဲ (အနည်းငယ်သာရင်ဘတ်နဲ့ပေါင်းကြတာ) ပြိုင်ဆိုင်ခြင်းမှာ အနိုင်ယူလိုစိတ် အရှုံးကိုလက်မခံရဲတဲ့ဲ သတ္တိိတွေကြောင့် ပထမကို မရကြဘဲ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ ပြုံးနိုင်တဲ့သူရှားတယ် ကျရှုံးရင်လည်း ငိုတတ်ပြီး မုဒိတာ မပွားနိုင်ဘဲ အောင်နိုင်သူနဲ့ရန်သူတွေဖြစ်သွားတတ်ကြတယ်

တကယ်တော့ ငါတိုိ့မေ့နေကြတာ အရှုံးတခါကြုံတိုင်း ဘဝကြီးက အရှုံးနဲ့ဘဲပြီးဆုံးသွားတာမဟုတ်တာအချိိန် ဒီအချိန်ဟာ ကိုယ့်အတွက်အချိန်မရောက်လို့သာလွဲခဲ့ရချင်းလေ ငါတို့က အရှုံးကိုလက်မခံနိုင်ဘူး ရှုံးရင်ငိုရမယ် နိုင်ရင် ပြုံးရမယ် ဒါငါတို့အစဉ်အဆက်နားလည်လာတာ ရှုံးတဲ့အခါတိုင်းပြုံးပြဖို့ မလုပ်နိုင်ကြဘူးပြုံးတာဘာမှမခက်ပေမယ့် တကယ်မလွယ်ဘူးနော် ငါတိုိ့ငယ်ငယ်တုန်းက ကျောင်းစာသင်ခန်းမှာ ပထမနဲ့ လွဲတော့ ပြုံးနိုင်ခဲ့လား ဆုတက်ယူတဲ့အခါ ပထမ ဒုတိိယ တတိယ တွေကိုမြင်ပြီး မင်းပြုံးနိုင်ခဲလားမညာပါနဲ့ ငါတော့မပြုံးနိုင်ခဲ့ဘူး သိမ်ငယ်တာလိုလိုိ ဝမ်းနည်းတာလိုလို မနာလိုတာလိုလိုနဲ့မျက်နှာပျက်ခဲ့ကြတာ ကိုယ်တိုင်လုပ်ခဲတဲ့အကျိုးကို ကိုယ်ပြန်ရတဲ့ ကျောင်းစာမေးပွဲမှာ ပထမနဲ့လွဲတုန်းက ငါတို့မပြုံးနိုင်တာဘဝပြိုင်ပွဲဲတွေမှာ အရှုံးနဲ့ရင်ဆိုင်ရင် ငါတို့က ပြုံးပြဖိုိ့မပြောနဲ့ တန်းကိုိ ဟန်မဆောင်နိုင်အောင် မျက်နှာတွွေ ပျက်ကြမှာနိုင်တဲ့အခါ ပြုံးနိုင်ဖို့ထက်် ဘယ်လိုအခြေအနေမဆိုိ ပြုံးနိုင်ဖို့ိက အဓိကအရေးကြီးတယ် စိတ်ဓာတ်ခွန်းအား ပြည့်ဝနေဖို့အရေးကြီးတယ် ဘာဘဲဖစ်လာဖစ်လာ

အကောင်းဆုံး လက်ခံနိုင်ပြီး အရှုံးလည်းပြုံးနိုင်် အနိုိင်ရလည်း ပြုံးနေနိုင်ဖို့ ငါတို့တကယ်ကြိုးစားရမယ််

မြန်မာidol အေးမြဖြူ ဆီမှာသင်ယူလိုက်ခြင်း

Phoo