ပရိ သတ်ကြီးရေ ၊ အိုင်ဒေါပြိုင်ပွဲကြီး ကတော့ ဒီနေ့မနက်မှာ အောင်အောင်မြင်မြင် နဲ့ ပြီးဆုံးလို့သွားခဲ့ပါပြီ ။ ဒီတစ်ခေါက်အိုင်ဒေါ မှာ ပြောစမှတ်တွင်ခဲ့ရတာကတော့ ဒိုင်လူကြီးများဖြစ်ကြတဲ့ ဦးအောင်ကိုလတ် ၊ ဖြူဖြူကျော်သိန်း နဲ့ တင်ဇာမော်တို့ရဲ့ မှတ်ချက်အလန်းစားတွေကြောင့် ဖြစ်ပါတယ်။

ဒီ ဒိုင်လူကြီးတွေရဲ့ မှတ်ချက် အသံတွေကို Mixing ဆွဲပြီး သီချင်းတစ်ပုဒ်လုပ်လိုက်သူကတော့Koe Nge ပဲဖြစ်ပါတယ်။ဦးအောင်ကိုလတ် အသံ နဲ့ အစပြုထားလို့ ဝေါင်း ဝေါင်း ဝေါင်းသီချင်း လို့တောင်ခေါ်ရမလားမသိပါဘူး။

ဘယ် လိုပဲဖြစ်ဖြစ် ဒီသီချင်းလေးကို လူမှုကွန်ရက် အသုံးပြုသူ တစ်သောင်းကျော်က က ပြန်လည်မျှဝေထားတာကိုတွေ့ရပါတယ်။ကဲ ဒီသီချင်းလေးကိုနားထောင်ပြီး မှတ်ချက်ကနေ တစ်ခုခုပြောဆိုပေးခဲ့ကြပါဦး