Myanmar Idol Season 3 ရဲ့ ဒု တိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ်အားပေးရတဲ့ အဆိုတော်မလေး တစ်ဦးပါ ။ ချမ်းမြေ့မောင်ချိုက လက်ရှိမှာတော့ ပွဲအခမ်းအနားတွေမှာ သီချင်းတွေတောက်လျှောက်ဆို ဖြစ်နေပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပါတယ်။ ပရိသတ်တွေကလည်း ချမ်းမြေ့မောင်ချိုရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချို က မနေ့က ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ Myanmar Season (4) Grand Final ပွဲကြီးကို ညဉ့်နက်တဲ့အထိ ထိုင်စောင့်ပြီး အားပေးခဲ့ပါတယ်။

နောက်ဆုံး Finalists Top (3) မှ Winner ဟာ အက်စတာဒေါ့ချင်းဆုန်လို့ ကြောငြာလိုက်တဲ့အခါမှာတော့ ချမ်မြေ့မောင်ချိုက ပျော်လွန်းလို့ TV ရှေ့မှာ ထခုန်ခဲ့တာကို တွေ့ရပါတယ်။

Myanmar Idol ဟာ လေးနှစ်တိုင်တိုင်ကျင်းပခဲ့ရာ Winner သုံးယောက်က ယောကျာ်းလေးတွေချည်းဖြစ်ပြီး ဒီနှစ်မှာတော့ ထူးထူးခြားခြားအနေနဲ့ အက်စတာဒေါ့သ်ချင်းဆုန်က Winner ရသွားတာ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol ရဲ့ သမိုင်းတစ်လျှောက်မှာ မိန်းကလေး Winner ပေါ်ထွက်လာခြဲ့ပီမို့ တော်တော်လေး ဝမ်းသာနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အက်စတာဒေါ့သ်ချင်းဆုန်အတွက် မောင်ချို့လိုပဲ ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။

Source: Chan Myae Mg Cho’s fb
Crd;Rowena