ဆံပင် ဟာ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေလိုပဲ အထူးဂရုစိုက်မှု လိုအပ်ပါတယ်။ ဆံ ပင်ေ တွပါးလွှာပြီး ပျက်စီးသူများအတွက် ဆံပင်ကို ကျန်းမာသန်စွမ်းစေဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်မယ်နော်။

(၁) ကြက် ဥ ၊ဒိန်ချဉ်တို့ဖြင့် ပေါင်းတင်ပါ

ဥတွေမှာ ပရိုတိန်း၊ ဘိုင်အိုတင်းနှင့် ဗီတာမင် B11 တို့ ကြွယ်ဝတာကြောင့် ပါးလွှာပြီး အဆြီ ပန် တဲ့ဆံပင်ကို သန်စွမ်းစေပါတယ်။ ကြက်ဥကို ဂရိဒိန်ချဉ်နှင့် ရောပါ။ဆံပင်မှာလိမ်းပြီး တစ်နာရီေ လာက်ထားပါ။ ပြီးမှ ခေါင်းလျှာ်ပေးပါ

(၂) gelatin အမှုန့်ကို essential oil နှင့်ရောပါ

gelatin အမှုန့်မှာ ပရိုတင်းဓါတ်များစွာ ပါရှိပါတယ်။ ခွက် တစ်ဝက်လျှင် ပရိုတင်း၂ဂရမ်နီးပါး ထောက်ပံ့ပေးပါတယ်။ ပါးလွှာပြီး ပျက်စီးနေသောဆံပင်ကို ထူပြီးခိုင်မာစေဖို့ အရမ်းကောင်းတဲ့ ဆံပင်ပေါင်းတင်ဆေးဖြစ်ပါတယ်။ရေနှင့် gelatin မှုန့်ကို ရောပြီး essential oil အစက်အနည်း ငယ်ကို ထည့်ပါ။ ဆံပင်ပေါ်မှာလိမ်းပြီး ဦးရေပြားကို နှိပ်ပေးပါ။ မိနစ်အနည်းငယ်နေမှ ရေေ အးဖြင့် လျှော်ပါ။

(၃) ဆံပင်ကို ထုံးပြီးအိပ်ပါ

ဆံပင်ထူထဲစေဖို့ အလွယ်ဆုံးနည်းလမ်းတစ်ခုက အိပ်ရာမဝင်ခင်မှာ hair spray နှင့်ဆံပင်ကို စိုအောင်လုပ်ပြီး ဆံပင်အားလုံးကို ခပ်မြင့်မြင့် စုထုံးပြီး အိပ်ပါ။ဒီနည်းလမ်းက သင့်ဆံပင်အား လုံးကို တစ်ညလုံးခြောက်သွေ့သွားစေပြီး မနက်အိပ်ရာထတဲ့အခါ ဆံသားက လှိုင်းထူထူေ လးေ တွ ဖြစ်နေတာကို သတိပြုမိပါလိမ့်မယ်။

(၄) ခေါင်းမလျှော်မီ ဦးရေပြားကို ဆီဖြင့် နှိပ်ပေးပါ

လေ့လာမှုအရ ဦးရေပြားကို နှိပ်နယ်ခြင်းက ဆံပင်ကို ထူထဲစေပြီး သန်စွမ်းစေနိုငတယ်လို့ ဖော်ပြထားပါတယ်၊ နှိပ်နယ်ခြင်းက သွေးလည်ပတ်မှုကို အထောက်အကူပြုပါတယ်။ခေါင်း မေ လျှာ်ခင် ဦးရေပြားကို စက်ဝိုင်းပုံရွေ့လျားမှုဖြင့် ညင်ညင်သာသာနှိပ်ပါ။ hair treatment oil (သို့) အုန်းဆီအနည်းငယ်ကို သုံးနိုင်ပါတယ်။ ပျက်စီးနေတဲ့ ဆံပင်တွေအတွက် အရမ်းေ ကာင်း ပါတယ်

(၅) အပူကောက်စက်ကို မသုံးဘဲ နည်းလမ်းဟောင်းဖြစ်တဲ့ roller လေးတွေ သုံးကြည့်ပါ

အပူတွေက ဆံပင်ကိုကျွတ်စေပြီး ပါးလွှာစေပါတယ်၊ ဒါ့ကြောင့် ခေါင်းလျှော်ပြီးရင် ဆံပင်ကို မျက်နှာသုတ်ပုဝါနှင့် ညင်ညင်သာသာ ခြောက်သွေ့အောင် လုပ်ပါ။အပူနည်းတဲ့ လေမှုတ် စက် ကို အသုံးပြုပါ။ ဆံပင်ကို အပူကောက်စက် သုံးမယ့်အစား ဆံပင်တွေကို ခွဲကြောင်းခွဲပြီး တစ်ခု စီကို roller နှင့်လိပ်ပါ။ မိနစ် ၂၀မှ နာရီဝက်ခန့်စောင့်ပါ။ကောက်သား ကြာရှည်စေဖို့ မလိပ်ခင် မှာ hairspray ဖြန်းပေးပါ။

(၆) ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် ပရိုတိန်းတွေ ပိုစားပါ

ကျန်းမာသန်စွမ်းတဲ့ ဆံပင်လိုချင်ပါက သင့်အစားအစာထဲမှာ အစိမ်းရောင်နှင့် အသီးများ ပါဝင်သင့်ပါတယ်။ကျွန်မတို့ဆံပင်တွေ ကျန်းမာ သန်စွမ်းစေဖို့ ဗီတာမင်၊ ဘရိုတိန်းတွေလို အပ်ပါတယ်။ ဟင်းနုနွယ်၊ ပဲမျိုးစုံအပါအဝင် ဟင်းသီးဟင်းရွက်များစွာမှာ သံဓါတ်တွေပါဝင်ပြီး သစ်သီးတွေက ဗီတာမင်များစွာကို ရရှိစေပါတယ်။ငှက်ပျောသီး၊ မြေပဲနှင့် ပန်းဂေါ်ဖီတို့မှာ biotin ဓါတ်ပါတင်ပါတယ်။။ ဆံပင်ထူစေဖို့အတွက် ပရိုတိန်းလိုအပ်တာကြောင့် ပဲပုပ်နှင့် အေ စ့ အဆန်များကို စားသုံးပေးပါ။

(၇) ဆေးစစ်ဖို့အတွက် ဆရာဝန်နှင့် ပြသပါ

ဒါက သိပ်မတွေ့ပေမယ့်လည်း ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းက ကျန်းမာရေးအခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။အဖြစ်များသော ဆက်စပ်အခြေအနေတွေမှာ သိုင်းရွိုက်ချွတ်ယွင်းမှု၊ ဗီတာ မင် (သို့) သံဓါတ်ချို့တဲ့မှု၊ သွေးအားနည်းရောဂါနှင့် ဟော်မုန်းပြဿနာတွေ ဖြစ်ပါတယ်။မျိုး ရိုးဗီ ဇကြောင့်ဖြစ်ပြီး အသက် ၁၂နှစ် (သို့) သွေးဆုံးပြီးနောက်ပိုင်းမှာ စတင်နိုင်တဲ့ androgenic alopecia လို့ခေါ်တဲ့ ရောဂါလည်းရှိပါတယ်။ ဒါ့ကြောင့် check-up ရယူခြင်းဟာ အမြဲတမ်းေ ကာင်းတဲ့နေရာဖြစ်ပါတယ်။

(၈) တစ်ပတ်တစ်ကြိမ် ထောပတ်သီးဖြင့် ဆံပင်ပေါင်းပါ

ဆံပင်အတွက် အာဟာရဖြစ်စေဖို့ ပရိုတိန်းပါဝင်တဲ့ ထောပတ်သီးနှင့် ကြက်ဥကို သုံးနိုင်ပါတယ်၊ ထောပတ်သီး၊ ကြက်ဥကို သမအောင်မွှေပြီး သံလွင်ဆီ (သို့) အာဂမ်ဆီထည့်မွှေပါ။ုဆံပင်ပေါ င်းဆေးကို စိုနေတဲ့ ဆံပင် (သို့) ခေါင်းလျှော်ပြီးသား ဆံပင်ပေါ်မှာ လိမ်းပြီး မိနစ် ၂၀လောက် ထားပါ။ ပုံမှန်အသုံးပြုပါက ခြားနားချက်ကို သတိထားမိပါလိမ့်မယ်။

ခရက်ဒစ် LifestyleMyanmar