မြန် မာနိုင်ငံရဲ့ ရာသီဥတုဟာ အခုတလော ပြန်အေးလာတာ အားလုံးအသိပါနော်။ဒါကြောင့် အိမ်တိုင်းမှာ နွေးထွေးစွာနေကြဖို့လိုပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုရှိသူတွေ၊ ကလေးငယ်ရှိသူတွေ အနေနဲ့ အထူးဂရုစိုက်သင့်ပါတယ်။ မတည်ငြိမ်တဲ့လေထုနဲ့ ရာသီဥတုအကူးအပြောင်းတွေကြောင့် နုနယ်တဲ့ ကလေးငယ်တွေ ၊ ကိုယ်ခံအားယုတ်လျော့နေတဲ့ သက်ကြီးရွယ်အိုတွေဟာ မကြာခဏ ဖျားနာတတ်ကြပါတယ်။

ဒါ့ အပြင် နွေးစေဖို့အတွက် အသုံးပြုတဲ့ Heater တွေ ၊ လျှပ်စစ်ပစ္စည်းတွေကိုလည်းသတိထား သုံးစွဲသင့်ပါတယ်။ အဲ့တာတွေက မှားယွင်းမှုကနေ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ကြုံနိုင်မှာမို့လို့ပါ။
ဒီနေ့မှာတော့ အမျိုးသမီးတစ်ဦးက သူကြုံခဲ့ရတဲ့ ရေနွေးအိတ် အန္တရာယ်ကို အခြားအသုံးပြုသူတွေလည်း သိရှိဆင်ခြင်နိုင်အောင် ပြန်လည်မျှဝေပေးထားတာကိုတွေ့ရပါတယ်။

သူဟာ ကလေးငယ်နွေးအောင် ၊ နို့လည်း နွေးလို့ရအောင် ရေနွေးအိတ်လေးဆောင်ထားပေမယ့် မထင်မှတ်ပဲ ကလေးရဲ့ အနီးနားမှာ ရေနွေးအိတ် ပေါက်ကွဲခဲ့တာကို ကြုံခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ ကလေးငယ်ကိုတော့ ထိခိုက်မရှိခဲ့ပါဘူး။

ဒါကြောင့် အခြား ကလေးမေမေတို့လည်း သူတို့လိုမျိုး မဖြစ်အောင်လို့ ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Writer- SMT(Shwe Yaung Lan)