မြန် မာနိုင်ငံက ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Myanmar Idol Season 4 winner ကိုတော့ မနေ့ညက ရွေးချယ်ခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံး ပြိုင်ပွဲဝင်သုံးဦးဖြစ်တဲ့ အက်စတာ ၊ အေးမြဖြူ ၊ ဘဂျမင်ဆန် တို့သုံးဦး အကောင်းဆုံး သီဆိုဖျော်ဖြေခဲ့ကြတာကိုလည်း အားလုံး ခံစားသက်ဝင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအထဲမှာမှ ပြည်တွင်းပြည်ပ Voting မဲများအရ ပြိုင်ပွဲဝင် အက်စတာဒေါ့ချင်ဆုန်က Winner ဆုကို ဆွတ်ခူးနိုင်ခဲ့
တာဖြစ်ပါတယ်။

Winner ဖြစ် တဲ့ အက်စတာကတော့ သိန်း ၇၀၀ နဲ့ တစ်ကိုယ်တော် စီးရီးထုတ်ခွင့် အပြင် တိုက်ခန်းတစ်ခန်းကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အက်စတာ ကိုယ်တိုင်လည်း ပျော်နေသလို အက်စတာရဲ့ We love Fans တွေကလည်း အတော်လေး ပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်။

အနိုင်ရရှိမှု ခံစားချက်အတွက် ပြောပြရာကနေ အက်စတာ တစ်ယောက်ပြိုင်ပွဲအတွက်ငွေတစ်သောင်းကျပ်တည်းနဲ့လာပြီး မောင်နှမနှစ်ယောက်ဒုက္ခကြုံရပုံကိုပါ ရင်ဖွင့်ခဲ့ပါတယ်။သူတို့ နှစ်ယောက်မှာ တက္ကစီလည်း မစီးနိုင် ပြန်ဖို့လည်း လမ်းစရိတ် မရှိနဲ့ ဖြစ်နေချိန်မှာ Myanmar Idol က ခရီးစားရိတ် အသွားအပြန် ပေးခဲ့တာကြောင့် အတော်လေးအဆင်ပြေခဲ့ရပါတယ်လို့ ဆိုပါတယ်။

အနိုင်ရရှိလိုက်တဲ့ ဆုကြေးထဲက Grand Final ကို တက်ရောက်ခဲ့တဲ့ သုံးဦးသား ဘယ်သူ နိုင်နိုင် ၁၀ သိန်း ပေးရမယ်လို့ ကတိပြုထားတာကြောင့် အေးမြဖြူ နဲ့ ဘင်ဂျမင်ဆန် တို့ကို ၁၀ သိန်းစီ ပေးမှာဖြစ်ပါတယ်။ ပြီးတော့ မိဘမဲ့ ကလေးတွေ နဲ့ မပြီးသေးတဲ့ ချက်ကျောင်းကိုလည်း ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မိဘကိုလည်းဆေးကုမှာဖြစ်ပြီးတော့ ရန်ကုန်မှာလည်း တိုက်ခန်းတစ်ခန်းရလိုက်တဲ့ အတွက်
အတော်လေး အဆင်ပြေပါတယ်လို့ ဆိုပါတယ်။ ဒီလို စီစဉ်ပေးတဲ့ Myanmar Idol တာဝန်ရှိသူတွေကိုလည်း သူမ က ကျေးဇူးတင်နေပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)
Video- CeleYatKwat