ကံမကောင်းစွာ နဲ့ သမီးရခဲ့တဲ့ ပရိသတ်ဟာ ငွေသိပ် မသုံးနိုင်ခဲ့လို့ (Voting စနစ်အရ) Winner မဖြစ်ခဲ့ပေမယ့် သမီးမှာ ကံကောင်းတဲ့ အချက်ရှိပါတယ်။ အဲဒါကတော့ သမီးကို အားပေးတဲ့သူတွေက “အေးမြဖြူ”စစ်စစ်ကိုသာ အားပေးကြတာပဲ ဖြစ်တယ်။

သမီး ကို အားပေးခြင်းမှာ ရုပ်ချောခြင်း မပါဘူး.. သမီးကို အားပေးခြင်းမှာ တပ်မက်မှုတွေ မပါဘူး.. သမီးကို အားပေးခြင်းမှာ ဘာသာရေး မပါဘူး.. သမီးကို အားပေးခြင်းမှာ လူမျိုးရေး မပါဘူး.. သမီးကို အားပေးခြင်းမှာ ဒေသစွဲ မပါဘူး.. သမီးကို အားပေးခြင်းမှာ သနားခြင်း မပါဘူး.. သမီးကို အားပေးခြင်းမှာ “အေးမြဖြူ”လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ကို ဖြူဖြူစင်စင်ချစ်ကြတဲ့ ချစ်ခြင်းမေတ္တာသီးသန့်ပဲ 100 ‰ ပါတယ်။ သမီး အေးမြဖြူရေ.. Myanmar Idol က ပြီးသွားပါပြီ ဒါပေမဲ့ တကယ့်ဘဝက ခုမှ စတာ။ တစ်ခါ တစ်လေမှာ အမြင့်ဆုံးကို မရောက်ခဲ့တာ ပိုကောင်းပါတယ် သမီး.. (ဒီစကားရဲ့အဓိပ္ပါယ်ကို သိပ်မကြာခင်ပဲ သမီးနားလည်သွားလိမ့်မယ်..) Winner မဖြစ်ခဲ့တဲ့အတွက် သမီးရှေ့ဆက်လျောက်ရမယ့် အနုပညာခရီးမှာ ကန့်သတ်ချက် လျော့သွားမယ်။ အနှောင်အဖွဲ့ နည်းသွားမယ်။

ကိုယ့်ငွေနဲ့ကိုယ် အခွေထုတ်မှာမို့ ဘယ်သူ့လွှမ်းမိုးမှုမှ မပါဘဲ အနုပညာကို စိတ်ကြိုက် ဖန်တီးလို့ရမယ်။ အကောင်းဘက်က (ဖြည့်) တွေးရင် အများကြီးပဲ.. သမီးရေ.. ဒီအသက်အရွယ်မှာ ရှိသင့်တဲ့ ဝမ်းစာလည်း သမီးမှာ ပြည့်ပါပြီ..။ ခိုင်မာတဲ့ ပရိသတ်လည်းရှိနေပါပြီ..။ ဒါကြောင့် ဘာကို စိုးရိမ်နေအုံးမှာလဲ.. အနုပညာ ပင်လယ်ကြီးထဲ ရဲရဲရင့်ရင့် ရွက်လွှင့်ပါတော့.. သမီးရဲ့ ချိုမြကြည်လင်တဲ့ သီချင်းလေးတွေကို နားထောင်ဖို့ မျှော်လင့်စောင့်စားနေတဲ့ ပရိသတ်တွေအတွက် ကိုယ်ပိုင် သီချင်းကောင်းလေးတွေ အမြန်ဆုံး ဖန်တီးပေးပါတော့..ကွယ်။

Myanmar Idol ပြီးသွားလည်း အားပေးမှုကတော့ ရပ်တန့်မသွားမယ့် သမီးရဲ့ ပရိသတ်အစစ်အမှန်ပေါင်းများစွာထဲက ကိုစိုးထိုက် (ဖဒို) …………….. ( တကယ့်ကို အရည်အချင်းရှိရှိနဲ့ Winner ဖြစ်သွားတဲ့ ညီမလေး အက်စတာ ၊ အများနဲ့မတူတဲ့ အသံပိုင်ရှင် ဘင်ဂျမင် ၊ ကိုယ်သိပ်ကြိုက်ခဲ့ရတဲ့ တန်ခွန်ကျော် ရဲရင့်တဲ့ နော်စေးစေးထူး ၊ ချစ်ဖို့ကောင်းတဲ့ မူးလာ စိတ်ရင်းကောင်းတဲ့ ရော့ကီး စသည်ဖြင့် Myanmar Idol ပြိုင်ပွဲက လူငယ်တွေ အပါအဝင် အနုပညာလောကထဲ နေရာတစ်ခုရအောင် ကြိုးစားနေကြရှာတဲ့ လူငယ်တိုင်း လူငယ်တိုင်း တကယ့် ပရော်ဖက်ရှင်နယ် လမ်းကြောင်းပေါ်မှာ အောင်မြင်ကြပါစေလို့ လှိုက်လှဲစွာ ဆုတောင်းပေးရင်း….)