မြန် မာအိုင်ဒေါလ် Season 4 Winner ဆုကြီးကို သိမ်းပိုက်ပြီး တိုက်ခန်းတွေရော ဆုကြေးငွေကျပ်သိန်း ၇၀၀ ပါ ရရှိသွားတဲ့ အက်စတာဒေါ့သ်ချင်းဆုန်ရ်ကတော့ သူမနဲ့အတူ Top 3 မှာပါဝင်ခဲ့ကြတဲ့ အေးမြဖြူနဲ့ ဘင်ဂျမင်ဆုမ်းတို့နှစ်ယောက်ကို တစ်ယောက်ကို ငွေကျပ် ၁၀သိန်းစီပေးသွားမယ်လို့ ပြောလိုက်ပါတယ်။

သူ မတို့ သုံးဦးက အရင်ကတည်းက ဒီကတိရှိထားခဲ့ကြတာဖြစ်ပြီး ဘယ်သူပဲ ရရ ရတဲ့သူက ကျန်တဲ့သူ ၂ယောက်ကို တစ်ယောက် ဆယ်သိန်းပေးရမယ်ဆိုတဲ့ ကတိထားရှိခဲ့တာလို့ သိရပါတယ်။ ပြိုင်ပွဲပြီးဆုံးချိန်မှာ အေးမြဖြူနဲ့ ဘင်ဂျမင်တို့က တစ်ဦးကို ငွေကျပ် ၇၅သိန်းစီ ရရှိခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမြန်မာအိုင်ဒေါလ် Season 4 Winner ဖြစ်သွားတဲ့ အက်စတာက သူမအရှေ့ပိုင်းတွေမှာ ပြောခဲ့သလို မိဘမဲ့ကလေးတွေအတွက် လှူဒါန်းမှုတွေကိုလည်း ပြုလုပ်သွားမှာဖြစ်ပြီး သူမရဲ့ မိခင်ကိုလည်း ဆေးကုပေးမှာဖြစ်ကြောင်း၊ ဒါ့အပြင် သူမတည်ဆောက်ပေးထားတဲ့ ဘုရားကျောင်းပရော့ဂျက်လေးကိုလည်း ပြီးဆုံးအောင်ဆက်ပြီး လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

သူမအနေနဲ့ မြန်မာအိုင်ဒေါလ်နဲ့ စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး မြန်မာအိုင်ဒေါလ်ဘက်က သူမကို Solo Album တစ်ခု ထုတ်ပေးသွားမှာဖြစ်ပါတယ်။

Cele Star