ပ ရိသတ်တွေ အပတ်စဉ်စောင့်မျှော်အားပေးခဲ့ကြတဲ့ Myanmar Idol Season 4 ပြိုင်ပွဲကြီးက မနေ့က Grand Final ပွဲ ကျင်းပပြီးတဲ့နောက် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ Top 3 သုံးယောက်ဖြစ်တဲ့ အေးမြဖြူ၊ အက်စတာဒေါ့သ်ချင်းဆုန်၊ ဘန်ဂျမင်ဆန် တို့ကလည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ အက်စတာဒေါ့သ်ချင်းဆုန်က Winner ဆုကို ရရှိသွားတာ ဖြစ်ပါတယ်။

Myanmar Idol Season 4 ရဲ့ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်တဲ့ အေးမြဖြူကလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိခဲ့သူလေး ဖြစ်ပါတယ်။ အေးမြဖြူတစ်ယောက် Winner ဆုနဲ့ လွဲချော်ခဲ့လို့ ပရိသတ်တွေက အေးမြဖြူတစ်ယောက် ဝမ်းနည်းနေမှာ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အေးမြဖြူအနေနဲ့ နောက်ဆုံး Grand Final အထိ တက်ရောက်ပြီး သူမလုပ်နိုင်တာကို ထုတ်ပြချင်ရုံသာရှိပြီး Winner ရတာ မရတာကို စိတ်ထဲမထားဘူးလို့ သိရပါတယ်။ ပြိုင်ပွဲကြီးပြီးသွားချိန်မှာတော့ အေးမြဖြူက အိမ်ပြန်ချင်ပြီး ကျောင်းတက်ဖို့သာ ဆန္ဒရှိနေတာပါတဲ့။

အေးမြဖြူက ဆယ်တန်းစာမေးပွဲကို (၂၀၁၉) ခုနှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပြီး ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် YUFL မှာ ပထမနှစ်တက်ရမှာ ဖြစ်ပါတယ်။

အေးမြဖြူကတော့ တက္ကသိုလ်တက်ဖို့ ရင်ခုန်နေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Aye Mya Phyu’s fb