ခေါင်းလျှော် ရည်ဘူးခွံ၊ ဆပ်ပြာရည်ဘူးခွံတွေကနေပြီး မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ယောက်က လောင်စာဆီထုတ်ယူနိုင်ခဲ့ပါတယ် Thesis စာတမ်းအတွက် researchလုပ်ရာကနေ အောင်မြင်သွားတဲ့ ဒီသုတေသနဟာ နောင်လာမည့် လောင်စာဆီတွေကို စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်ယူနိုင်လောက်တဲ့ခြေလှမ်းအစပဲလို့ မြန်မာနိုင်ငံရဲ့လူမှုကွန်ယက်အသုံးပြုသူတွေကချီးကျူးထားပါတယ်။

အ ခု researchအောင်မြင်ခဲ့တဲ့ ကိုဇာနည်ဖြိုးဟာ အသက်၂၀ကျော်သာရှိသေးပြီး ဂျပန်နိုင်ငံ Honda foundationကပေးအပ်တဲ့ Eco technology နယ်ပယ်က ကြိုးစားနေတဲ့သူတွေကိုပေးအပ်တဲ့ Y-E-S ဆုကိုရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

လက်ရှိသူရဲ့စမ်းသပ်မှုကနေ ထုတ်ယူထားတဲ့ လောင်စာဆီဟာ စက်ပစ္စည်းတွေမှာအသုံးပြုလို့ရတဲ့ လောင်စာဆီအနေနဲ့တော့အသုံးပြုလို့မရသေးတဲ့ pyrolysis oilအဆင့်သာရှိသေးပေမယ့် ဒါဟာစွန့်ပစ်ပစ္စည်းတွေကနေ လောင်စာဆီအချောထုတ်လုပ်နိုင်မယ့် ခြေလှမ်းအစဖြစ်လာနိုင်ပါတယ် အခုထုပ်လုပ်ထားနိုင်တာဟာ လောင်စာဆီကိုထုတ်လုပ်နိုင်မယ့် အကြမ်းအဆင့်သာရှိသေးပြီး ကိုယ်လိုချင်တဲ့ Fuel ရအောင် Upgradeထပ်လုပ်ရမှာဖြစ်တယ်လို့ သူကလူမှုကွန်ယက်မှာ မျှဝေပေးထားပါတယ်။

မြန်မာကျောင်းသားတစ်ဦးရဲ့ ချီးကျူးဖွယ် အောင်မြင်မှုတစ်ခုဖြစ်တာမို့ ပရိသတ်ကြီးအတွက်တင်ပြပေးလိုက်ရပါတယ်။

Source- Zarni Phyo Facebook Account