ပရိ သတ်တွေစိတ်ဝင်တစားကြည့်ရှုခဲ့ရတဲ့ မြန်မာအိုင်ဒေါအစီအစဉ်ကြီးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ မြန်မာအိုင်ဒေါ Season-4 ကတော့ Season-1,2,3 ရဲ့အစဉ်အလာကိုရိုက်ချိုးခဲ့ပြီလို့ဆိုရမှာပါ။ အရင် Season သုံးခုစလုံးမှာ Winnerဆုကြီးကို ယောက်ျားလေးပြိုင်ပွဲဝင်တွေသာရခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ ပြိုင်ပွဲဝင် အက်စတာက Winner ဆုကြီးကိုထိုက်တန်စွာ ရရှိခဲ့ပါတယ်။

ရဲေ နာင်ကတော့ မြန်မာအိုင်ဒေါရဲ့အစဉ်အလာအရ Winner ဆုကြီးကို ယောက်ျားလေးပြိုင်ပွဲဝင်တွေသာရမယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပြီး ပိုးမီကတော့ မိန်းကလေးပြိုင်ပွဲဝင်တွေအားသာတာများနေတဲ့ Season-4 မှာ မိန်းကလေးပဲရမယ်လို့ ဆယ်သိန်းကြေးလောင်းကြေးထပ်ခဲ့တာပါ။ မနေ့ညကပြိုင်ပွဲရလဒ်အပြီးမှာတော့ ရဲနောင်က“ အက်စတာကိုပြောလိုက်ပါ ကျွှန်တော်ရှုံးပြီလို့…ဆယ်သိန်းရေ အမျှ အမျှ အမျှ” ဆိုပြီးသူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ပိုးမီကတော့ “စိတ်မကောင်းဘူး မဲနူလေးရေ…ဆယ်သိန်း လာထား” ဆိုပြီး ဝမ်းသာအားရမျှဝေခဲ့တာပါ။

ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါရဲ့အစဉ်အလာကိုချိုးဖောက်နိုင်ခဲ့တဲ့ အက်စတာကြောင့် ပိုးမီကတော့ ရဲနောင်ဆီက ဆယ်သိန်းရသွားပါပြီနော်။ ရဲနောင်ကတော့ အထင်နဲ့အမြင်တက်တက်စင်အောင် လွဲသွားခဲ့ပြီဆိုရမှာပါ။ ပရိသတ်ကြီးထဲမှာရော…မနေ့ညက Winner ရလဒ်နဲ့ပတ်သက်ပြီး အထင်နဲ့အမြင်ထပ်တူမကျခဲ့တဲ့သူတွေ ရှိလား???

Source – Poe Mi, Ye Naung
Rainbow- Cele Gabar