Myanmar Idol Season (4) ၿပိဳင္ပြဲႀကီး ရဲ႕ Winner ဆုရွင္ကေတာ့ ဒီေန႔ညမွာ အက္စတာက ထိုက္ထိုက္တန္တန္နဲ႔ ဆြတ္ခူးရရွိခဲ့ပါတယ္။အက္စတာဟာ ပြဲစဥ္တစ္ေလွ်ာက္လုံး အျပစ္ဆိုဖြယ္ရာမရွိေလာက္ေအာင္ သီဆိုယွဥ္ၿပိဳင္ခဲ့ၿပီး Winner ဆုႀကီးကို ရရွိဖို႔အမွန္အကန္ကို ထိုက္တန္တဲ့သူတစ္ေယာက္ပါ။

ၿပိဳင္ပြဲ တစ္ေလွ်ာက္လုံးအေကာင္းဆုံးဆိုတာေတြကို ခ်ျပလုပ္ျပႏိုင္ခဲ့သလို ဖိုင္နယ္ျဖစ္တဲ့ ဒီေန႔ရဲ႕ သီခ်င္း(၃)ပုဒ္နဲ႔ သီဆိုယွဥ္ၿပိဳင္မႈမွာလည္း (၃)ပုဒ္စလုံးကို ခံစားမႈရသေတြအျပည့္အဝရေအာင္ ႏွလုံးသားနဲ႔ ခံစားသီဆိုယွဥ္ၿပိဳင္ခဲ့ပါေသးတယ္။အထူးသျဖင့္ Winner Song သီခ်င္းနဲ႔ သီဆိုယွဥ္ၿပိဳင္မႈမွာ လည္း အေကာင္းဆုံးနဲ႔ သီခ်င္းနဲ႔အလိုက္ဖက္ဆုံးျဖစ္ေအာင္ သီဆိုႏိုင္ခဲ့ပါတယ္။

အက္စတာဟာ ျမန္မာအိုင္ေဒါၿပိဳင္ပြဲႀကီးရဲ႕ (၃)ႏွစ္တာ ေယာက္်ားေလးၿပိဳင္ပြဲဝင္ေတြသာ Winner ဆုကို သိမ္းပိုက္ႏိုင္တယ္ဆိုတဲ့ သမိုင္းအစဥ္အလာကို ခ်ိဳးျဖတ္ႏိုင္ခဲ့ၿပီး ပထမဆုံး မိန္းကေလး Winner ဆုရွင္အေနနဲ႔ ထိုက္တန္စြာရရွိခဲ့သူဆိုလည္း မမွားပါဘူး။CeleGabar ပရိသတ္ႀကီးေရ Winner ဆုရွင္ အက္စတာေလးကို ဂုဏ္ျပဳစကားေလးေတြေျပာခဲ့ေပးပါဦး။

Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ Winner ဆုရှင်ကတော့ ဒီနေ့ညမှာ အက်စတာက ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးရရှိခဲ့ပါတယ်။အက်စတာဟာ ပွဲစဉ်တစ်လျှောက်လုံး အပြစ်ဆိုဖွယ်ရာမရှိလောက်အောင် သီဆိုယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကြီးကို ရရှိဖို့အမှန်အကန်ကို ထိုက်တန်တဲ့သူတစ်ယောက်ပါ။
ပြိုင်ပွဲတစ်လျှောက်လုံးအကောင်းဆုံးဆိုတာတွေကို ချပြလုပ်ပြနိုင်ခဲ့သလို ဖိုင်နယ်ဖြစ်တဲ့ ဒီနေ့ရဲ့ သီချင်း(၃)ပုဒ်နဲ့ သီဆိုယှဉ်ပြိုင်မှုမှာလည်း (၃)ပုဒ်စလုံးကို ခံစားမှုရသတွေအပြည့်အဝရအောင် နှလုံးသားနဲ့ ခံစားသီဆိုယှဉ်ပြိုင်ခဲ့ပါသေးတယ်။အထူးသဖြင့် Winner Song သီချင်းနဲ့ သီဆိုယှဉ်ပြိုင်မှုမှာ လည်း အကောင်းဆုံးနဲ့ သီချင်းနဲ့အလိုက်ဖက်ဆုံးဖြစ်အောင် သီဆိုနိုင်ခဲ့ပါတယ်။

အက်စတာဟာ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ (၃)နှစ်တာ ယောက်ျားလေးပြိုင်ပွဲဝင်တွေသာ Winner ဆုကို သိမ်းပိုက်နိုင်တယ်ဆိုတဲ့ သမိုင်းအစဉ်အလာကို ချိုးဖြတ်နိုင်ခဲ့ပြီး ပထမဆုံး မိန်းကလေး Winner ဆုရှင်အနေနဲ့ ထိုက်တန်စွာရရှိခဲ့သူဆိုလည်း မမှားပါဘူး။CeleGabar ပရိသတ်ကြီးရေ Winner ဆုရှင် အက်စတာလေးကို ဂုဏ်ပြုစကားလေးတွေပြောခဲ့ပေးပါဦး။

Source – Myanmar Idol
Credit – Chilli – CeleGabar