အပြုံး ချိုချိုလေးတွေရဲ့ ပိုင်ရှင်စမိုင်းလ်က ပရိသတ်တွေ အားကျရတဲ့ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ စမိုင်းလ်က အလိုလိုက်ပြီး မျက်နှာအညှိုးမခံတဲ့ ခင်ပွန်း၊ နိုင်ငံခြားသူလေးတွေလို လှပချစ်စရာကောင်းတဲ့ သမီးနှစ်ဦးနဲ့ ပျော်စရာကောင်းတဲ့ နေ့ရက်တွေကို ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။စမိုင်းလ်က အနုပညာလုပ်ငန်းတွေ အရင်လောက်မလုပ်ကိုင်ပေမယ့် ပရိသတ်တွေကတော့ သူမကိုချစ်ခင်အားပေးလျက်ပါပဲ။

ဒီေ န့မှာတော့ စမိုင်းလ်က Myanmar Idol Season 4 Grand Final ပွဲကို သူမရဲ့နေအိမ်ကနေပြီး အားပေးနေတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်က “ဘယ်သူပဲရရပါ အားလုံးကတော့ winner ပါပဲ။ ပရိတ်သတ်တွေရဲ့အချစ်တွေနဲ့တင်နိုင်နေပါပြီ ကလေးတို့ရေ ဆိုပြီး အားပေးထားပါတယ်။

စမိုင်းလ်က Myanmar Idol Season 4 ပြိုင်ပွဲကို အပတ်စဉ် အားပေးတဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ဘယ်ပြိုင်ပွဲဝင်ကောင်းလဲဆိုတာကို အမြဲတမ်းစောင့်ကြည့်နေတာ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ နေအိမ်မှာ Myanmar Idol ပြိုင်ပွဲကြီးကို ရင်ခုန်စွာ အားပေးနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Smile’s fb