


Source : Myanmar Idol Season-4,CRD-Cele Connections

Unicode ဖြင့်ဖတ်ရန်

ပရိသတ်ကြီးရေ ဒီညကတော့ Myanmar Idol Season-4 ရဲ့ Winner ဆုရှင်ပေါ်ထွက်လာမယ့်ညပဲဖြစ်ပါတယ် ။ ပရိသတ်တွေအားလုံးလည်း ရင်ခုန်နေကြမယ်ထင်ပါတယ် ။ Winner ဆုရှင်ဘယ်သူဖြစ်မလဲဆိုတာကို ပိုပြီး စိတ်ဝင်သွားစေမယ့် အစီစဉ်တစ်ခုလည်း ထပ်မံပေါ်ထွက်လာပြီဆိုတော့ ပိုမိုစိတ်လှုပ်ရှားစရာကောင်းလာပါပြီ ပရိသတ်ကြီးရေ..။

Winner ဆုအတွက် ဆုငွေကတော့ Channel -9 နဲ့ မွန်းမြန်မာ မီဒီယာတို့ကချီးမြင့်ငွေ ငွေကျပ်သိန်း (၅၀၀)နဲ့အတူ Solo Albulm တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ် ။ ဒါ့အပြင် Official Smart Phone စပွန်ဆာ Oppo ကနေမှ ထပ်ဆောင်းချီးမြှင့်ငွေ ကျပ် သိန်း (၂၀၀) နဲ့အတူ စီးတီးလော့ မှာ two Bedroom အိပ်ခန်းတစ်ခန်းတို့ကိုချီးမြှင့် သွားမှာဖြစ်ပြီး 1st runner နဲ့ 2nd Runner တို့အတွက်ကတော့ တစ်ယောက်ကို ငွေကျပ် (၇၅) သိန်းစီ ချီးမြှင့်သွားမှာဖြစ်တယ်လို့သိရပါတယ် ။

ပရိသတ်ကြီးရေ ဒီလောက်ဆုတွေ အများကြီးရမှာဆိုတော့ Winner ရမယ့်သူအစား ကြိုပြီးကြည်နူးနေရပါပြီနော် ။ ပရိသတ်ကြီးကရော ဒီဆုတွေကို ဘယ်သူ့ကို ရစေချင်တာလဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။