ပ ရိသတ်တွေ အပတ်စဉ်အပတ်တိုင်း ရင်ခုန်စွာနဲ့ စောင့်ကြည့်အားပေးကြတဲ့ Myanmar Idol Season 4 Grand Final ပွဲကြီးက မကြာခင်ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်သုံးဦးဖြစ်တဲ့ အေးမြဖြူ၊ အက်စတာဒေါ့သ်ချင်းဆုန်၊ ဘန်ဂျမင်ဆန်တို့ကလည်း သူတို့တတ်နိုင်တာထက်ပိုပြီး ကြိုးစားအားထုတ်ပြီး သီဆိုနေကြတာ ဖြစ်ပါတယ်။

ထို ထဲကမှ တစ်ဦးတည်းသော ယောကျာ်းလေးပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ဘန်ဂျမင်ဆန်က မမသီချင်းနဲ့ အကောင်းဆုံးကြိုးစားသီဆိုသွားခဲ့သွားပြီးနောက်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို သောင်းသောင်းဖြဖြရရှိခဲ့ပါတယ်။

ဘန်ဂျမင်ဆန်က ဒုတိယ Round မှာတော့ အဆိုတော် Mary ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Mask” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်သွားတာ ဖြစ်ပါတယ်။

ဘန်ဂျမင်ရဲ့ သီဆိုမှုကို ပရိသတ်တွေနဲ့အတူတူ ဒိုင်တွေလည်း အားရကျေနပ်ခဲ့ပြီး တင်ဇာမော်ကတော့ ဘန်ဂျမင်က ဖြူဖြူကျော်သိန်းအသေးစားလေးလို့တောင် တင်စားထားပါတယ်။

ဘန်ဂျမင်ကတော့ အကောင်းဆုံးကြိုးစားသီဆိုခဲ့ပေမယ့် သူ့ရဲ့ Result ကတော့ ဘယ်လိုဖြစ်မလဲဆိုတာ ရင်ခုန်စရာပါပဲနော်။

Rowena