အရေးကြီး တဲ့ အချိန်တွေမှာ ဘယ်ကမှန်း မသိတဲ့ ကြေငြာဖုန်းတွေ ဝင်လာတာကို ကြုံဖူးကြမှာပါ။ ဒါ့အပြင် မက်ဆေ့တွေ ၊ ကြေငြာတွေကို တောက်လျောက် ကြိုက်ကြိုက်မကြိုက်ကြိုက် ပို့နေတာတွေဟာ အတော်လေးကို စိတ်အနှောက်အယှက်ဖြစ်စရာပါ

နော်။ တစ်ကယ်တော့ ဒါဟာ ပုဂ္ဂိုလ်ရေးကျူးကျော်မှုပဲ ဖြစ်ပါတယ်။ ကာယကံရှင်ရဲ့ဖုန်းကို ခွင့်ပြုချက်မရှိပဲ မက်ဆေ့တွေ ပေးပို့နေတာပါ။ မြန်မာမှာ ပိုဆိုးတာက နိုင်ငံခြား Call တွေပုံစံနဲ့ ဝင်လာပြီးတော့ ကိုယ်က မသိလိုက်ပဲ မိတ်ဆွေ တစ်ယောက်ယောက်များ

လား အထင်နဲ့ ပြန်ဆက်တဲ့ အခါမှာတော့ နိုင်ငံခြား ခေါ်ဆိုမှုနှုန်းထားနဲ့ ဖြတ်သွားတာကိုလည်းကြုံဖူးကြမှာပါ။

ပြီးေ တာ့ recall me back ဆိုတဲ့ မက်ဆေ့နဲ့ တစ်ခု ဖုန်းနံပါတ်တစ်ခု ဝင်လာတတ်ပါတယ်။ ကိုယ်က မိတ်ဆွေ တစ်ယောက်ယောက်များ ဒုက္ခရောက်နေလို့လား ၊ ကိုယ့်ဖုန်းကို သိလို့ ပြန်ခေါ်ခိုင်းမှတော့ မိတ်ဆွေပဲနေမှာဆိုပြီးတော့ ပြန်ခေါ်ကြည့်တဲ့အခါမှာ

ကိုယ်တစ်ခါမှ မသိတဲ့သူဖြစ်သလို ၊ သူလည်း အဲ့လို ပြန်ခေါ်ဖို့ မက်ဆေ့ မပို့ဘူးလို့ ပြောပါတယ်။ ဒါဟာ ပြေပြေလည်လည်သမားနဲ့တွေ့မှပါ ၊ မဟုတ်ပဲ တစ်ဖက်ကလည်းသူ့ကိုကြောင်တယ် ထင်နေရင် အဆဲပါ ခံရပါသေးတယ်

ဒီလို အဖြစ်အပျက်တွေဟာ မြန်မာမှာတင်မဟုတ်ပါဘူး အမေရိကန် နိုင်ငံ ၊ အိန္ဒိယနိုင်ငံတွေမှာပါ ကြုံနေရတာပါ။ ဒီအတွက် သူတို့ရဲ့ လွှတ်တော်တွေကတော့ ဖုန်းခေါ်ဆိုမှုနဲ့ပတ်သတ်တဲ့ ဥပဒေတွေကို တင်းကြပ်စွာ ပြဋ္ဌာန်း နေကြပါပြီ ။ စီးပွားဖြစ်တရားမ ဝင်ဖု န်းခေါ်ဆိုမှုတွေကို တင်းကြပ်စွာ တားမြစ်ပြီးတော့ တကယ်လို့ ဒီတားမြစ်မှုကို ချိုးဖောက်ရင်တော့ အမေရိကန် ဒေါ်လာ ၁ သောင်းတိတိ ဒဏ်ငွေဆောင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မြန်မာနိုင်ငံသားတွေဟာ ကိုယ့်ရပိုင်ခွင့်ကို မသိကြသလို ၊ သည်းခံစိတ်လည်းများပါတယ်။ နိုင်ငံသားတွေက မသိဘူးဆိုပြီး အစိုးရ အဖွဲ့က ကာကွယ်ပေးလေမလားလို့ မထင်ပါနဲ့ ။ သူတို့က စီးပွားရေးသမားတွေနဲ့ ပေါင်းပြီး ကြေအေးထားကြ

သူတွေများပါတယ်။ အားလုံးတော့ မဆိုလိုပါဘူး။ မြန်မာနိုင်ငံမှာလည်း အမေရိကန်လိုအိန္ဒိယလို ဥပဒေတွေ ပြဋ္ဌာန်းသင့်ပြီလို့ ထင်ရင် ဒီ စာလေးကို အားလုံးသိအောင် မျှဝေပေးပါဦးနော်။

Writer- SMT(Shwe Yaung Lan)