Myanmar Idol Season (4) ပြိုင်ပွဲကြီး မှာ ပရိသတ်အားပေးမှုအမြင့်ဆုံးရရှိထားတဲ့ အက်စတာကတော့ ဖိုင်နယ်ညရဲ့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ သီချင်းတွေနဲ့သီဆိုယှဉ်ပြိုင်မှုမှာ နီနီခင်ဇော်ရဲ့ “သစ္စာမပျက်ကြေး” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။အက်စတာက သူ့နဲ့လိုက်ဖက်တဲ့ သီချင်းပုံစံကို ရွေးချယ်ပြီး အကောင်းဆုံးသီဆိုကာ အက်စတာဆိုတာ ဘာလဲဆိုတာကိုပြသခဲ့ပါတယ်။

အ ပတ်စဉ်တိုင်းလိုလို အပြစ်ပြောဖွယ်ရာမရှိအောင်သီဆိုယှဉ်ပြိုင်ခဲ့တဲ့ အက်စတာဟာ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ အသံနာနေခဲ့ပေမဲ့လည်း အကောင်းဆုံးသီဆိုယှဉ်ပြိုင်ပြခဲ့ပါတယ်။ဒီတစ်ပတ်မှာလည်း အက်စတာဟာ ဒိုင်တွေရွေးချယ်ပေးတဲ့ “စဉ်စားမှာပေါ့” သီချင်းကိုလည်း အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့သလို စိတ်ကြိုက်ရွေးချယ်သီဆိုမှုမှာလည်း သီချင်းရွေးချယ်မှုမှန်ကန်တယ်လို့ဆိုရလောက်အောင် သူနဲ့လိုက်ဖက်လွန်းတဲ့ သီချင်းပုံစံကို ရွေးချယ်သီဆိုပြခဲ့တာပါ။

နီနီရဲ့ “သစ္စာမပျက်ကြေး”သီချင်းကို အက်စတာ သီဆိုပြခဲ့ချိန်မှာတော့ ပရိသတ်တွေလည်း ကြက်သီးမွှေးညှင်းထခဲ့တဲ့ အထိကို ဖြစ်စေခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ Season (3)ခုလုံး ယောက်ျားလေးသာ Winner ရရှိခဲ့တဲ့ မြန်မာအိုင်ဒေါရဲ့ သမိုင်းအစဉ်အလာကိုတော့ အက်စတာက ရိုက်ချိုးပြနိုင်သွားခဲ့လေမလား။

Source – Myanmar Idol
Credit – Chilli – CeleGabar