လင် နဲ့ မယား..လျှာနဲ့ သွား..” ဆိုသလို ချစ်လို့ယူထားကြပေမယ့် တစ်ခါတစ်ရံမှာ စိတ်အခန့်မသင့်လို့ စကားများရန်ဖြစ်ကြတာတွေလည်း ရှိကြမှာပါ….တချို့ကတော့ စကားများ အော်ဟစ်ရုံလောက်နဲ့ ပြီးသွားကြပါတယ်…တချို့ကတော့ လက်တွေပါလာတဲ့အခါ ထိခိုက်ဒဏ်ရာရတဲ့ လင်မယားစုံတွဲတွေလည်း ရှိပါတယ်…

ဒီလို လက်ပါတတ်တဲ့ စုံတွဲတွေအတွက်သတိထားရမယ့် ဥပဒေတစ်ခု ပေါ်လာပါပြီ…အဲတာကတော့ လင်မယားချင်းရန်ဖြစ်ပြီး ယောက်ကျားရဲ့ “ငယ်ပါ” ကို ထိခိုက်မိတယ်ဆိုရင် မိန်းမဖြစ်သူ ထောင် ၁၀ နှစ်ထိ ကျနိုင်တာပါ…

ခုလည်း အင်ဒိုနီးရှားနိုင်ငံက လင်မယားစုံတွဲတစ်တွဲမှာ ဒီလိုထိခိုက်မိတာကြောင့် မိန်းမဖြစ်သူ ရဲစခန်းမှာ အဖမ်းခံထားရပါတယ်…..

အင်ဒိုနီးရှားနိုင်ငံ ပရိုဘွန်လင်ဂိုစီရင်စုက အသက် ၃၀ အရွယ် “နုဖာဒီ” ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ အသက် ၃၄ နှစ်အရွယ် ခင်ပွန်းသည်ဖြစ်တဲ့ “ဆမ်ဆယ်အာရီဖင်” နဲ့ ရန်ဖြစ်ရင်း ယောက်ကျားရဲ့ “ငယ်ပါ” ကို ကန်ကျောက်တာတွေ လုပ်ခဲ့ပါတယ်…..

စီးပွားရေးကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ရန်ဖြစ်ကြတာဖြစ်ပြီးတော့ မိန်းမဖြစ်သူက ယောက်ကျားဖြစ်သူကို ရိုက်နှက်ရင်းနဲ့ ယောက်ကျားဖြစ်သူ ကြမ်းပြင်ပေါ်လဲသွားချိန်မှာ “ငယ်ပါ” အပေါ်ကို ဆောင့်နင်းခဲ့တာ ဖြစ်ပါတယ်….

ဒီဖြစ်စဉ်ကြောင့် မိန်းမဖြစ်သူ “နုဖာဒီ” ဟာ ရဲစခန်းမှာ အမှုဖွင့်ခံထားရတာဖြစ်ပြီး အပြစ်ရှိတယ်လို့ စုံစမ်းသိရှိရရင် အနည်းဆုံး ထောင်ဒဏ် ၄ လကနေ အမျိုးသားရဲ့ “ငယ်ပါ” ဆိုးဆိုးရွားရွားထိခိုက်ခဲ့တယ်ဆိုရင်တော့ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တာပဲ ဖြစ်ပါတယ်…ဒါကြောင့် ပရိသတ်ကြီးတို့လည်း ရန်ဖြစ်လို့ လက်ပါမိရင် သတိထားကြအုံးနော်….မိမိအိမ်ထောက်ဘက်က တိုင်ရင် နာကျင်စေမှုနဲ့ အမှုဖွင့်ခံရနိုင်ပါတယ်…

Writer – HW (Shwe Yaung Lan)Source : mpas