ဆယ် လီကမ္ဘာ ပရိသတ်ကြီးရေ မနက်ဖြန် ဒီဇင်ဘာလ (၂၉)ရက်နေကလေးကတော့ ပြည်သူချစ် သရုပ်ဆောင် ဟာသလူရွှင်တော် ဒိန်းဒေါင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ဒီနှစ်မှာတော့ သရုပ်ဆောင်ဟာသလူရွှင်တော် ဒိန်းဒေါင်ဟာ အသက်(၄၆)နှစ်ပြည့်မြောက်တာဖြစ်ပြီး မွေးနေ့ပွဲလေးကို သူ့ရဲ့နေအိမ်မှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ဒိန်းဒေါင်ကတော့ နှစ်စဉ်နှစ်တိုင်း မွေ့နေ့ရက်လေးမှာ ဆန်များကိုဝေခြင်း၊ ကြာဇံကြော်ဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်။ဒီလို ဧည့်ခံလှူဒါန်းတဲ့အပြင်ကိုလည်း ဒိန်းဒေါင်တို့အဖွဲ့မှရယ်မောပျော်ရွှင်စေရန်ဟာသများ သီချင်းများဖြင့် ဖျော်ဖြေဧည့်ခံခြင်း ရွှေမိုးငွေမိုးများရွာသွန်းခြင်း စတဲ့အစီစဉ်များကို ကျင်းပပြုလုပ်ပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးဖြင့် မွေးနေ့ပွဲလေးကို ကျင်းပကာ မွေးနေ့ရက်လေးကိုဖြတ်သန်းနေခဲ့တာပါ။

ဒီနှစ်မွေးနေ့ပွဲလေးကိုလည်း အရင်နှစ်တွေကနဲ့နည်းတူ ကျင်းပပြုလုပ်မှာဖြစ်တာကြောင့် “ကျွန်တော် ဒိန်းဒေါင်ရဲ့တစ်နိုင်ငံလုံးရှိကျေးဇူးရှင်ချစ်ပရိတ်သတ်များခင်ဗျာ။မနက်ဖြန်(29.12.2019)တနင်္ဂနွေနေ့တွင် ကျွန်တော်၏အသက်(၄၆)နှစ်ပြည့် မွေးနေ့မင်္ဂလာပြုလုပ်မည်ဖြစ်ပါသောကြောင့် ကျွန်တော့်မြောက်ဥက္ကလာပနေအိမ်သို့ နေ့လည်(၃)နာရီမှစပြီး ကြွရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်ခင်ဗျာ”ဆိုပြီး ပရိသတ်တွေကို ကြွရောက်ချီးမြှင့်ပေးဖို့ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။

Source – Dain Daung
Chilli – CeleGabar