ပ ရိသတ်တွေလပေါင်းများစွာစောင့်ကြည့်အားပေးခဲ့ရတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကတော့ ဒီညမှာ Winner ဆုကြီးကို ပေးအပ်ဖို့ ဖိုင်နယ်ပွဲစဉ်ကြီးကို ကျင်းပနေပြီပဲဖြစ်ပါတယ်။ဖိုင်နယ်မှာ ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင်(၃)ယောက်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့ ဝန်းရံမှုကို အပြည့်အဝရရှိထားတဲ့ သူတွေဖြစ်တာကြောင့် ဘယ်သူကWinner ဆုကြီးရရှိမယ်ဆိုတာကို ခန့်မှန်းလို့မရလောက်အောင်ကို ရွေးချယ်ရခက်နေခဲ့ကြတာအမှန်ပါ။

ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တဲ့ (၃)ယောက်ထဲမှ အသက်အငယ်ဆုံးဖြစ်ပြီး အသက်အရွယ်နဲ့မလိုက်ဖက်အောင်ထူးချွန်လှတဲ့ အေးမြဖြူကတော့ အပတ်စဉ်တိုင်းလိုလိုကို အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့တာပရိသတ်တွေအမြင်ပဲဖြစ်ပါတယ်။ဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဒီတစ်ပတ်မှာလည်း အေးမြဖြူကတော့ ထွန်းအိန္ဒြာဗိုလ်ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ “လာမယ့်နှစ်မှာ ရည်းစားထားမယ်”သီချင်းနဲ့သီဆိုယှဉ်ပြိုင်ခဲ့ပြီး အပြစ်ပြောစရာမရှိလောက်အောင် အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

သီဆိုမှုနဲ့ ဟန်ပန်တွေကလည်း နားထောင်သူတွေကို သီချင်းနဲ့စီးမြောလိုက်ပါသွားအောင် သီဆိုဖျော်ဖြေနိုင်ခဲ့ပါတယ်။မြန်မာအိုင်ဒေါရဲ့ဖိုင်နယ်ပွဲကို တက်လှမ်းနိုင်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်အဖြစ်ထိုက်တန်စွာတက်ရောက်လာနိုင်ကြောင်းကိုလည်း အေးမြဖြူက ပြသလိုက်နိုင်ခဲ့ပါတယ်။ပရိသတ်ကြီးရေ ဖိုင်နယ်မှာ အပြစ်ပြောစရာမရှိခဲ့တဲ့ အေးမြဖြူက ဒီညမှာ Myanmar Idol Season (4) ရဲ့ Winner ဆုရှင်ကြီးများဖြစ်သွားလေမလား။

Source – Myanmar Idol,Credit – CeleGabar