Happy New Year မွာ ေပ်ာ္ ပါးေသာက္စားမဲ့သူမ်ားအတြက္ ႏွစ္သစ္အတြက္ ကံၾကမၼာ အေျပာင္းအလည္းျဖစ္ေစမဲ့ ယၾတာ အျမည္းေလး လုပ္ပံုအဆင့္ဆင့္ပါ ေရးေပးလိုက္တယ္ေနာ္

ထိုင္းစတိုင္ ငါးဆားအံုမီးကင္ နွစ္သက္ရာငါးတစ္ေကာင္ကိုေၾကးခြံ မခြာဘဲ ဗိုက္ခဲြျပီး အထဲကအရာမ်ားအားလံုးထုတ္ ပါးဟတ္ဖယ္ကာ ေရေဆးထားပါ။ ထုထားေသာစပါးလင္နဲ႔ေရွာက္ရြက္အနည္းငယ္ကို ငါးကင္လ်ွင္ အနံ႕ေမႊးေစဖို့အတြက္ ခဲြထားေသာဗိုက္ထဲသို့အစာသြပ္ေပးပါ။ ဆားျကမ္းနဲ႔ဂ်ံုမႈန့္အနည္းငယ္ ေရအနည္းငယ္ တို့ကိုေစးလာသည္အထိနယ္ျပီး ငါးရဲ႕ေနရာအနဲ႔ကို သုတ္လိမ္းေပးပါ။ ျပီးရင္ ၁၅မိနစ္ခန့္ ေလသလပ္ခံေပးပါ။ျပီးမွ ငါးကိုကင္ပါ။ တူးမသြားေစရန္ ဟိုဘက္ဒီဘက္လွန္ျပီး မိနစ္၃၀ခန့္ကင္ေပးရပါမယ္။

အခ်ိန္ျပည့္လို့က်က္ျပီဆို ငါးရဲ႕အေပၚလႊာကို ဖယ္ျပီးအတြင္းမွ အသားျဖဴျဖဴေလးကိုစားလို့ရပါျပီ။ အေတာ္ေလးေကာင္းမြန္တဲ႔ ငါးဆားအံုေလးပါရွင့္ အခ်ဥ္ရည္ဖ်ာ္နည္းက ငံျပာရည္ သံပုရာရည္ ျကက္သားမႈန့္ သျကား ငရုတ္သီးစိမ္း သို့ ငရုတ္သီးမႈန့္ထည့္ေမႊကာ တဲြဖက္စားသံုးနုိင္ပါတယ္။ *ဆားေတြမကပ္မွာစိုးလို႔ ဂ်ံဳမႈန္႔အနည္းငယ္ထည့္သံုးထားပါတယ္ ထိုင္းဆိုင္ေတြမွာက ဂ်ံဳမႈန္႔မသံုးပါဖူး႐ွင့္

Credit : Original Writer

Unicode

Happy New Year မှာ ပျော်ပါးသောက်စားမဲ့သူများအတွက် နှစ်သစ်အတွက် ကံကြမ္မာ အပြောင်းအလည်းဖြစ်စေမဲ့ ယတြာ အမြည်းလေး လုပ်ပုံအဆင့်ဆင့်ပါ ရေးပေးလိုက်တယ်နော်

ထိုင်းစတိုင် ငါးဆားအုံမီးကင် နှစ်သက်ရာငါးတစ်ကောင်ကိုကြေးခွံ မခွာဘဲ ဗိုက်ခွဲပြီး အထဲကအရာများအားလုံးထုတ် ပါးဟတ်ဖယ်ကာ ရေဆေးထားပါ။ ထုထားသောစပါးလင်နဲ့ရှောက်ရွက်အနည်းငယ်ကို ငါးကင်လျှင် အနံ့မွှေးစေဖို့အတွက် ခွဲထားသောဗိုက်ထဲသို့အစာသွပ်ပေးပါ။ ဆားကြမ်းနဲ့ဂျုံမှုန့်အနည်းငယ် ရေအနည်းငယ် တို့ကိုစေးလာသည်အထိနယ်ပြီး ငါးရဲ့နေရာအနဲ့ကို သုတ်လိမ်းပေးပါ။ ပြီးရင် ၁၅မိနစ်ခန့် လေသလပ်ခံပေးပါ။ပြီးမှ ငါးကိုကင်ပါ။ တူးမသွားစေရန် ဟိုဘက်ဒီဘက်လှန်ပြီး မိနစ်၃၀ခန့်ကင်ပေးရပါမယ်။

အချိန်ပြည့်လို့ကျက်ပြီဆို ငါးရဲ့အပေါ်လွှာကို ဖယ်ပြီးအတွင်းမှ အသားဖြူဖြူလေးကိုစားလို့ရပါပြီ။ အတော်လေးကောင်းမွန်တဲ့ ငါးဆားအုံလေးပါရှင့် အချဉ်ရည်ဖျာ်နည်းက ငံပြာရည် သံပုရာရည် ကြက်သားမှုန့် သကြား ငရုတ်သီးစိမ်း သို့ ငရုတ်သီးမှုန့်ထည့်မွှေကာ တွဲဖက်စားသုံးနိုင်ပါတယ်။ *ဆားတွေမကပ်မှာစိုးလို့ ဂျုံမှုန့်အနည်းငယ်ထည့်သုံးထားပါတယ် ထိုင်းဆိုင်တွေမှာက ဂျုံမှုန့်မသုံးပါဖူးရှင့်

Credit : Original Writer