ပျောက်ဆုံးနေတဲ့ ဆရာမလေး ယနေ့အချိန်အထိ မတွေ့သေး၍ ကူညီပြီး မျှဝေပေးကြပါရန်

ဆရာမလေး မိထွန်းအိအိလှိုင် (၂၃) နှစ် ပျောက်ဆုံးနေသည်မှာ (၃) ကျော်ကြာမြင့်သည်အထိ အဆက်အသွယ် ထူးခြားမှုမရှိသဖြင့် မိဘ ဆွေမျိုးသားချင်းများ အလွန်စိတ်ပူနေ၍ အွန်လိုင်းအသုံးပြုသူ ပြည်များအနေဖြင့် ဒီပို့လေးကို မျှဝေပေးပြီး တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးကြပါရန်း လေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။အကူအညီတောင်းခံအပ်ပါသည်။

ဓနုဖြူမြို့ ၊(၁၄) ရပ်ကွက်၊ (၅) လမ်းနေသူ ဆရာမလေး မထွန်းအိအိလှိုင် အသက်(၂၃) နှစ်၊ အဖအမည် ဦးစိန်သောင်း၊ အမိအမည် ဒေါ်အေးအေးမူ ပျောက်ဆုံးနေသည်မှာ သုံလကျော်ခန့် ကြာသည်အထိ သတင်းအဆက်အသွယ်မရဖြစ်နေပြီး မိဘများနှင့် ဆွေမျိုးသားချင်းများ စိတ်ပူနေ၍ တတ်နိုင်သလောက်ကူညီပေးကြပါရန်၊ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးကြပါရန် နှင့် လူမှုကွန်ယက်တွင် တင်ပြပေးရန် အကိုဖြစ်သူ ကိုနှင်းဝေမှ အကူအညီတောင်းခံလာခဲ့ပါသည်။

အဆိုပါ ဆရာမလေး မထွန်းအိအိလှိုင်သည် ၉ လပိုင်း ၃ ရက်နေ့ ညနေပိုင်းတွင် စတင်ပျောက်ဆုံးပြီး ပျောက်ဆုံးချိန်တွင် ဆရာမလေး မထွန်းအိအိလှိုင်သည် ကိုရီးယားချေးငွေ ကိစ္စအား သွားရောက်ပေးရမည်ပြောကာ ငွေ (၁၄၀၀၀၀) ကျပ်အားယူ၍ နေအိမ်မှ လမ်းလျှောက်ထွက်သွားခဲ့ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိခင်ဖြစ်သူ ဒေါ်အေးအေးမှုမှ အနီးအနားလိုက်လံရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိ၍ ဓနုဖြူ ရဲစခန်းတွင် လူပျောက်အမှတ်စဉ် (၁၀/၂၀၁၉) ဖြင့် အမှုဖွင့် တိုင်တန်းခဲ့ကြောင်းသိရသည်။

ဆရာမလေး မထွန်းအိအိလှိုင်တွင် ထင်ရှားသည့်အမှတ်အသား မှာ နှုတ်ခမ်းတွင် မှဲ့ပါပြီး လူတိုင်မြင်လျှင် မှတ်မိနိုင်သည့် ရုပ်ရည်မျိုးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဆရာမလေးကို တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန် မိသားစုဝင်များရဲ့ ကိုယ်စား ထပ်ဆင့် အကူအညီတောင်းခံပေးလိုက်ပါသည်။ဆက်သွယ်ရန် 09420293087/09263443737/09693542223 တို့ ဖြစ်ပါသည်။ကိုဖြစ်သူ ကိုနှင်းဝေ