မြန်မာနိုင်ငံ မှာ အလုပ်အကိုင်ရှားပါးမှု ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှု ၊ အခွန်အတုတ်တွေပေါများမှုတွေကြောင့် လူငယ်တော်တော်များများဟာ ပြည်ပနိုင်ငံများသို့ ထွက်ခွါပြီးအလုပ်လုပ်နေကြရပါတယ်။ ဒါ့အပြင် သကြားလုံးလို ပေါများလာတဲ့ မူးယစ်ဆေးဝါးတွေ
ကလည်း လူငယ်တွေကို တရိပ်ရိပ်တိုက်စားလာနေခဲ့ပါတယ်။ လူငယ်တွေဟာ အလုပ်အကိုင်ကရှားတော့ သုံးချင်စွဲချင်စိတ်နဲ့ အတူခိုးချင် ဝှက်ချင်တဲ့ စိတ်အရိုင်းတွေပါ တိုးဝင်လာပါတော့တယ်။

ဒီနေ့ လည်း မှုခင်းသတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ တောင်ငူမြို့မရဲစခန်းက တာဝန်ရှိသူတွေက နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်နေစဉ်မှာ မသင်္ကာစရာကောင်းတဲ့ဆိုင်ကယ် ၁ စီး နဲ့ လူ ၃ ဦးကို တွေ့မိတာကြောင့် စစ်ဆေးမေးမြန်းတဲ့အခါမှာတော့
သူတို့ပိုင်ဆိုင်တယ်ဆိုတဲ့ စာရွက်စာတမ်း အထောက်အထားကို မပြနိုင်ခဲ့ဘူးလို့သိရပါတယ်။ ထပ်မံစစ်ဆေးတော့မှ သူတို့ ၃ ဦး သား ၂၀ ရပ်ကွက် ကျောင်းရှေ့က ခိုးလာတာလို့ သိရှိခဲ့ပါတယ်။

ကြည့် လိုက်တော့ လူငယ်လေးတွေ ။ မျိုးခိုင်(ခ)မျိုးကြီး၊ ၂၅ နှစ်၊ (၁၈)ရပ်ကွက်၊ တောင်ငူမြို့၊ နေလင်းဦး၊ ၂၀ နှစ်၊ (၂၂) ရပ်ကွက်၊ တောင်ငူမြို့နေသူနှင့် မသော်တာ၊ ၁၅ နှစ်၊ (၁၀)ရပ်ကွက်၊ တောင်ငူမြို့နေတွေပဲ ဖြစ်ပါတယ်။ သူတို့ကိုတော့ တောင်ငူမြို့မရဲစခန်း (ပ)၁၃၄၈/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

Writer- SMT(Shwe Yaung Lan)