အ သက်ရှူရပ်မတတ်ရင်ခုန်ရသော မြန်မာအိုင်ဒေါရဲ့Final show ကတော့ ကျင်းပတော့မှာပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်များရဲ့ကြိုးစားအားထုတ်မှုတွေဟာလည်း အံ့မခန်းဖြစ်ခဲ့ပြီး Final ကို ပြိုင်ပွဲဝင်အကုန်လုံးကို ခေါ်ယူသွားချင်လောက်အောင်ဖြစ်စေပါတယ်။ Final မှာ Winner ဖြစ်ဖို့အတွက်အကြိတ်အနယ်ဆက်လက်ယှဉ်ပြိုင်ရမယ့်သူ(၃)ဦးကတော့ ဘင်ဂျမင်ဆုမ်း၊အေးမြဖြူနဲ့အက်စတာဒေါ့ချင်းဆုန်တို့ပဲဖြစ်ပါတယ်။

အခုချိန် ထိ တခါ မှ အမျိုးသမီး Winner မထွက်ပေါ်ခဲ့ဖူးတဲ့Myanmar Idol မှာတော့ ဒီနှစ်မှာ အမျိုး သမီး နှစ်ေ ယာက်၊ အမျိုးသားတစ်ယောက် Grand Final ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။Season 1 မှာတော့ စောလား ထော်ဝါးက winner ဖြစ်ခဲ့ပါတယ်။ Season 2 မှာဆိုရင် သားငယ်နဲ့ ဘီလီလမင်းအေးတို့ နောက်ဆုံး ဖိုင်နယ်ကို တက်ရောက်ခဲ့ကာ သားငယ်က Season 2 ရဲ့ Winner ဖြစ်ခဲ့ပါတယ်။

Season 3 မှာဆိုရင်တော့ ဖြိုးမြ တ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ နောက်ဆုံး ဖိုင်နယ် ကို တက်ရောက်ခဲ့ပါတယ်။ဒါပေမယ့် ချမ်းမြေ့မောင်ချိုက ကျန်း မာရေးေ ကြာင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။ Season 3 ရဲ့ Winner က ဖြိုးမြတ်အောင်ပါ။ဘယ်တုန်းကမှ အမျိုး သမီး Winner မရခဲ့ဖူးတဲ့ Myanmar Idol မှာတော့ ဒီတစ်ခေါက် Season 4 မှာ ပထမဆုံးအကြိမ် အမျိုးသမီး winner ထွက်ပေါ် လာ တော့မယ်လို့ ပရိသတ်အများစု ကတော့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

ဒီ‌ညမှာကျင်းပတော့မှာဖြစ်တဲ့ Grand Final ပွဲကြီးအတွက်ကိုလည်း ပြိုင်ပွဲတင်တွေအနေနဲ့ အပြိုင်အဆိုင်လေ့ကျင့်နေကြပြီပဲဖြစ်ပါတယ်။ အကြိတ်အနယ်လေ့ကျင့်နေကြတဲ့ ပြိုင်ပွဲဝင်တွေရဲ့ပုံရိပ်တွေနဲ့ Grand Final အတွက်လေ့ကျင့်ပြင်ဆင်နေမှုများကို တင်ဆက်ပေးလိုက်ပါတယ်နော်။