


ပရိသတ်ကြီးရေ ၊ မကြာခင်အချိန်ပိုင်းအတွင်းမှာ မြန်မာအိုင်ဒေါဆုကို ဆွတ်ခူးမယ့် သူထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ထူးထူးခြားခြား ဖိုင်နယ်ကိုတက်ရောက်ခွင့်ရရှိသွားတဲ့သူ ကတော့ ကျား(၁) ၊ မ(၂) ဖြစ်လာပါတယ်။

ကျားကုတ်ကျားခဲ Vote ပေးရမယ့် အနေအထားဖြစ်တာမို့ Voting Line ကိုလည်း အစောဆုံးဖွင့်လှစ်ထားတာကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေထွက်ပေါ်လာတာပါ ။ ဒီနေ့မနက်ပိုင်းမှာတော့ Myanmar Idol နဲ့ ပတ်သက်ပြီး ကောလဟာလတစ်ခုထွက်ပေါ်လာပါတယ်။ နာမည်ကျော် ဓာတ်ပုံပညာရှင် ၊ ဒါရိုက်တာ ဝဏ္ဏခွာနီး က” မြန်မာအိုင်ဒေါအက်စတာရမည်ဟုသတင်းကြားသိ” ဆိုပြီးလူမှုကွန်ရက်ကနေရေးသားခဲ့တာပါ ။

အခုလိုရေးသားခဲ့တဲ့အပေါ် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ သဘောထားမှတ်ချက် အမျိုးမျိုးပေးထားတာကိုလည်းတွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးလည်း ဒီအချက် တကယ် မှန်နိုင်မလားဆိုတာ မှတ်ချက် ကနေ သုံးသပ်ပေးခဲ့ကြပါဦး ။