က မ္ဘာ့နိုင်ငံ တော်တော်များများမှာ Franchise ယူပြီးပြန်လည်ကျင်းပနေကြတဲ့ Idol သီချင်းဆိုပြိုင်ပွဲကတော့ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာ အခုဆိုရင် Season 4 က်ုရောက်ရှိနေပါပြီ ။ Season တိုင်းမှာလည်း ပရိသတ်ရဲ့ စိတ်ဝင်စားမှုအများဆုံး အစီစဉ်တစ်ခုဖြစ်ခဲ့ပါတယ် ။

ပ ရိသတ်ကြီးရေ ၊ မကြာခင်အချိန်ပိုင်းအတွင်းမှာ မြန်မာအိုင်ဒေါဆုကို ဆွတ်ခူးမယ့် သူထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ထူးထူးခြားခြား ဖိုင်နယ်ကိုတက်ရောက်ခွင့်ရရှိသွားတဲ့သူ ကတော့ ကျား(၁) ၊ မ(၂) ဖြစ်လာပါတယ်။

ကျားကုတ်ကျားခဲ Vote ပေးရမယ့် အနေအထားဖြစ်တာမို့ Voting Line ကိုလည်း အစောဆုံးဖွင့်လှစ်ထားတာကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေထွက်ပေါ်လာတာပါ ။ ဒီနေ့မနက်ပိုင်းမှာတော့ Myanmar Idol နဲ့ ပတ်သက်ပြီး ကောလဟာလတစ်ခုထွက်ပေါ်လာပါတယ်။

နာမည်ကျော် ဓာတ်ပုံပညာရှင် ၊ ဒါရိုက်တာ ဝဏ္ဏခွာနီး က” မြန်မာအိုင်ဒေါ အက်စတာရမည်ဟုသတင်းကြားသိ” ဆိုပြီးလူမှုကွန်ရက်ကနေရေးသားခဲ့တာပါ ။

အခုလိုရေးသားခဲ့တဲ့အပေါ် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ သဘောထားမှတ်ချက် အမျိုးမျိုးပေးထားတာကိုလည်းတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း သုံးသပ်ပေးခဲ့ကြပါဦးနော် ။