ဖြစ် ပုံကဒီလိုပါ ရဲအရာရှိဟောင်းနှစ်ဦးဟာ လက်ထိပ်ခတ်ခံထားရတဲ့ သံသယရှိဖွယ်တရားခံ ကောင်မလေးတစ်ဦးနဲ့ ချစ်တင်းနှောခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ ရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရသလို၊ မုဒိမ်းမှုနဲ့လည်း တရားစွဲဆိုခံခဲ့ရပါတယ်။ သူတို့ဟာ ထောင်ဒဏ် (၂၅)နှစ်အထိ ချမှတ်ခံရနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ ဒီကောင်မလေးကတော့ ဆေးခြောက်သုံးစွဲမှု၊ ခွင့်ပြုချက်မဲ့ဆေးတွေ သယ်လာမှုအတွက် သူတို့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ဖမ်းစီးခံနေရတဲ့အချိန် အချုပ်ခန်းထဲမှာ Anna နဲ့ Eddie တို့ ချစ်တင်းနှောခဲ့ကြသလို Hall နဲ့လည်း စိတ်ကြိုက်ကဲခဲ့ကြပါသတဲ့။ နောက်တော့ သူမကို ရဲက ပြန်လွှတ်ပေးခဲ့ရာ၊ သူမက ရဲတပ်ဖွဲ့ဝင်တွေကို တရားပြန်လည်စွဲဆိုခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် မုဒိမ်းမှု၊ ပြန်ပေးစွဲမှု စတဲ့စွပ်စွဲချက်တွေကို မတ်လမှာ တရားရုံးက ပယ်ဖျက်ပေးခဲ့ပါတယ်။

တရားခံအဖြစ်စွဲချက်တင်ခံခဲ့ရသူတွေကတော့ Eddie နဲ့ Richard တို့ဖြစ်ပြီး၊ သူတို့ဟာ NYPD ရဲအရာရှိဟောင်းတွေ ဖြစ်ကြပါတယ်။ နှစ်ဦးစလုံးကို ကောင်မလေးက မုဒိမ်းမှုနဲ့စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့နာမည်ကိုတော့ Anna လို့ နာမည်တုသုံးပြီး သတင်းမှာ ဖော်ပြထားပါတယ် Eddie နဲ့ Hall တို့ဟာ မုဒိမ်းမှုအတွက် အယူခံဝင်ခဲ့ကြရာ ပြီးခဲ့တဲ့ သြဂုတ်လ(၂၉)ရက် ကြာသပတေးနေ့မှာ သူတို့အယူခံ အောင်မြင်ခဲ့ပါတယ်။ ဒါဟာ သူတို့နှစ်ယောက် ထောင်နန်းမစံရတော့ဘူးဆိုတဲ့ သဘောပါ။ နှစ်ဦးစလုံးဟာ Anna နဲ့ လိင်ဆက်ဆံခဲ့ကြောင်း ဝန်ခံထားပြီး၊ ထိုစဉ်က သူမဟာ အသက်(၁၈)နှစ် ဖြစ်ပါတယ်။

ဒါပေမယ့် ဖိအားပေး ဆက်ဆံမှုဆိုတဲ့ စွပ်စွဲချက်က ကျန်နေတဲ့အတွက် Brooklyn Supreme Court မှာ ထပ်မံအယူခံတင်ခဲ့ရာ အယူခံအောင်မြင်ခံပြီး၊ ထောင်ဒဏ်(၅)နှစ် စီရင်ခံခဲ့ရပါတယ်။ ဒါပေမယ့် အယူခံဆက်ယူခွင့်ရနေတဲ့ အတောအတွင်း နှစ်ယောက်စလုံး ထောင်ထဲမှာ နေရမှာမဟုတ်ပါဘူး။ သူတို့ ထောင်ဒဏ်က ကင်းလွတ်သွားတဲ့အတွက် Anna ကတော့ သူမရဲ့ လူမှုကွန်ရက်ကနေ ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။

Credit – trymytech