ဗစ် တိုးရီးယားလေးရဲ့ အမှုအခြေအနေကတော့ တရားခံအောင်ကြီးကို တရားရုံးက တရားရှင်လွှတ်လိုက်ပြီးနောက်ပိုင်းမှာပိုမိုအရှိန်တက်လာခဲ့ပြီး အမှုကိုကိုင်တွယ်နေတဲ့ ရဲတပ်ဖွဲ့ကို အမှန်တရားအမြန်ဆုံးရှာဖွေပေးဖို့ ဖိအားပေးမှုတွေ ပိုမိုများပြားလာခဲ့တာပါ။ဒီအမှုအတွက် သမ္မတကြီးကို ဝင်ရောက်ကိုင်တွယ်ပေးဖို့ တောင်းဆိုမှုတွေလည်းရှိနေပြီး လမ်းပေါ်ထွက်ဆန္ဒပြမှုတွေပါ

ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါမှာလည်း နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာဝိုင်းက ဗစ်တိုးရီးယားလေးအတွက် သမ္မတကြီးထံ ပေးပို့စာတစ်စောင်ပေးပို့တောင်းဆိုလာခဲ့လည်းဖြစ်ပါတယ်။ဒါရိုက်တာဝိုင်းက ((((

” သမ္မတကြီးခင္ဗ်ား…. Victoriaလေး ရဲ့အမူမွာ…တရားခံအစစ်….အျမန္ဆုံးပေါ်အောင်ကြိုးစားပေးပါ….ခင္ဗ်ား…MA4 ” )))) လို့ပေးပို့တောင်းဆိုခဲ့တာပါ။လူအများဝိုင်းဝန်းတောင်းဆိုနေကြချိန်မှာ ဒီလို နာမည်ကျော်ဒါရိုက်တာတစ်ဦးကပါ ပါဝင်လာပြီဖြစ်တဲ့အတွက်

ရဲတပ်ဖွဲ့အနေနဲ့ဖိအားပိုမိုဝင်ရောက်လာခဲ့ပြီဖြစ်ပြီး အမှုတရားခံနဲ့ ပတ်သတ်တဲ့ ဖော်ထုတ်မှုတွေကို အမြန်ဆုံး ပြုလုပ်ပေးဖို့ပါ တာဝန်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

ရှေ့ရက်များက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရဲတပ်ဖွဲ့က အောင်ကြီးကို လွှတ်လိုက်တာဟာ စောလွန်းတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ပရိသတ်ကြီးလည်းဒီလိုဝေဖန်ချက်တွေ အမြောက်အမြားထွက်ပေါ်နေတဲ့ ဗစ်တိုးရီးယားအမှုအပေါ်ထင်မြင်ချက်တွေကို ရေးသွားခဲ့ကြပါအုန်းနော်။

Writer – Magic(Shwe Yaung Lan)