သ ရုပ်ဆောင်ဒါရိုက်တာလူမင်းကတော့ အခုအချိန်မှာ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးရေးတွေလုပ်ဆောင်နေပြီးအကောင်းဆုံး တင်ဆက်ပြသနိုင်ဖို့ ကြိုးစားလျှက်ရှိနေတာပါ။ယခုရက်ပိုင်းမှာတော့ လူမှုကွန်ယက်ပေါ်မှာ လူငယ်များက

လူမင်းရဲ့ ယခင်ရုပ်ရှင်ဇာတ်ကားထဲက ဒိုင်ယာလော့အမှားတစ်ချို့ကို မူတည်ပြီး ဝိုင်း Troll ကာ စနောက်နေလျှက်ရှိတာပါ။

ဒီလို Troll ခံရတာနဲ့ပတ်သတ်ပြီးလူမင်းကို အင်တာဗျုးတစ်ခုမှာ မေးမြန်းခဲ့ရာမှာတော့ လူမင်းက ဒီကိစ္စနဲ့ ပတ်သတ်ပြီးစိတ်ဆိုးတာမျိုးမရှိတဲ့အကြောင်း အစချီပြီး ပြောပြလာခဲ့တာပါ။လူမင်းက ((( တစ်ခုကတော့ တကယ် Mood ဝင်ပြီးပြောလိုက်တာမှားသွားတာကို Troll နေကြတာပါ။နောက်တစ်ခုကတော့ အောင်စေပိုင်စေဇာတ်ကားထဲမှာ ဟာသအနေနဲ့ လုပ်ထားတာပါ။ဒိုင်ယာလော့မှားတဲ့ဟာက

စဖြန့်ကတည်းကသိပါတယ်။အခုလိုအင်တာနက်တွေမပေါ်သေးတော့ သိပ်မသိခဲ့ကြဘူးပေါ့။အခုခေတ်စားလာတော့ Troll ခံရတာပေါ့။ကျွန်တော့ဘက် စိတ်ဆိုးတာ

တော့မရှိပါဘူး။)))) လို့ပြောကြားခဲ့တာပါ။ဒါ့အပြင်လက်ရှိရိုက်ကူးနေတဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သတ်ပြီး အကြံပြုချက်တွေကို လက်ခံတဲ့အကြောင်းနဲ့၅၃ ကဒ်ရိုက်ထားပြီးပြီ ဖြစ်ပြီး အောင်ဆန်းရုပ်ရှင်ကို ပိတ်ကားပေါ်အမြန်တင်နိုင်ဖို့ ကြိုးစားလျှက်ရှိတယ်လို့ ဆိုပါတယ်။

ဒါကတော့ လူမှုကွန်ယက်ပေါ်မှာ Trend ဖြစ်နေတဲ့ လူုမင်းနဲ့ပတ်သတ်တဲ့ Troll တွေအပေါ် လူမင်းကတုံ့ပြန်လာခဲ့တာကို ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းလူမင်းရဲ့ တုံ့ပြန်ချက်တွေကို ဖတ်ရှူပြီးပြီဆိုတော့ စိတ်ကျေနပ်ကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

Writer – Magic (Shwe Yaung Lan)