နန္ဒာလှိုင် ကတော့ အောင်မြင်ကျော်ကြားခဲ့တဲ့မင်းသမီးတစ်လက်အနေနဲ့ အနုပညာလောကမှာရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကို အချိန်ပေးပြီးတည်ဆောက်နေသူတစ်ယောက်ပါ။

ချစ် စရာကောင်းတဲ့သမီးလေး(၃)ယောက်ကို ပိုင်ဆိုင်ထားပြီး သမီးလေးတွေရဲ့သိတတ်လိမ္မာမှုကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေရတာဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူနဲ့အတူ အလှူအတန်းကြီးတွေ မကြာခဏဆိုသလိုလုပ်လေ့ရှိတဲ့နန္ဒာလှိုင်ကိုတော့ အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်ပေမယ့်လည်း ယနေ့တိုင်ပရိသတ်တွေက လက်ခံအားပေးနေဆဲပါ။

အနု ပညာရှင်တိုင်း ဝေဖန်မှု မလွတ်တာကြောင့် သူမကိုလည်း ဝေဖန်ပြောဆိုမှုတွေ များစွာရှိနေပါတယ်။ အခုတစ်ခါမှာတော့ ဝေဖန်ပုတ်ခတ်နေတဲ့ အမျိုးသမီး နှစ်ယောက်ကို သူမရဲ့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် အခုလိုပဲ သတိပေး ပြောကြားခဲ့ပါတယ်။

နန္ဒာလှိုင် ရေးသားထားတာကတော့ “ ကောင်းမှုလေးတွေလုပ်ပြီး စိတ်အေးချမ်းနေတာပါနော်..Report ထုဖို့စိတ်မဝင်စားသလို မထုလည်းမထုတတ်ပါဘူး..အခုလည်း ရုံးကပြောလို့သိရတာပါနော်..တခြားနည်းနဲ့ကြိုးစားပါ အယ်မရယ် ချစ်တယ်နော်…အာဘွား..ဆွမ်းကြီးဝိုင်းလောင်းတဲ့ ဟိုမမလေးလည်း ချစ်တယ် တိလား” ဆိုပြီး ပြောဆိုရေးသားထားတာပဲ ဖြစ်ပါတယ်။