အနု ပညာလောကမှာ အချိုးအစားပြေပြစ်ကာ ဆွဲဆောင်မှုရှိလွန်းတဲ့ ခန္ဓာကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားပြီး မော်ဒယ်လ်တစ်ယောက်အဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ နန်းမွေ့စံကိုတော့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

ညို့အားပြင်းတဲ့ အမိုက်စားခန္ဓာကိုယ်အလှတွေကြောင့်ယောက်ျားလေးပရိသတ်တွေကြား အမြဲရေပန်းစားပြီး အောင်မြင်နေတဲ့ နန်းမွေ့စံကတော့ ဖက်ရှင်လန်းလန်းလေးတွေနဲ့လည်း မပေါ်တပေါ်တွေ ကျသလို မြန်မာဝတ်စုံလေးနဲ့လည်း လိုက်ဖက်သူလေးလည်း ဖြစ်ပါတယ်နော်..။

ယောက်ျားလေးပရိသတ်တွေအများဆုံးရရှိထားတဲ့ နန်းမွေ့စံကတော့ မြန်မာဝတ်စုံ ဝတ်လိုက်ရင်လည်း ဆွဲဆောင်မှုရှိပေမယ့် ကျပေမယ့် ဘယ်တော့မှ မြန်မာဝတ်စုံနဲ့ မပေါ်တပေါ်တွေ မလုပ်ချင်တဲ့ အကြောင်းလေးနဲ့ မကြာခင်မှာလည်း ကိုယ်ပိုင် Youtube Channel တစ်ခုလုပ်ဖို့ရှိတဲ့အကြောင်းလေး ပရိသတ်တွေကို ပြောပြလာပါတယ်..။

“မပေါ်တပေါ် မော်လ်ဒယ်ဆိုတာကလည်း မွေ့စံတို့က ခန္ဓာကိုယ်ကောက်ကြောင်းကို ဓာတ်ပုံရိုက်ရင်းနဲ့ သူတို့က သတ်မှတ်သွားကြတာလေ ဒါပေမယ့် မြန်မာဝတ်စုံဆိုတာကလည်း ဝတ်လိုက်ရင် ဆွဲဆောင်မှုရှိတာပဲလေ ဒါပေမယ့် မွေ့စံကကျတော့ မြန်မာဝတ်စုံနဲ့ ဘယ်တော့မှ မပေါ်တပေါ် မလုပ်ချင်ဘူး မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလေးပဲ ရိုက်ချင်ပါတယ်..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်နော်..။

မြန်မာနိုင်ငံက လူတစ်ယောက်အနေနဲ့ Youtube Channel လုပ်တဲ့လူနည်းလို့ (၂၀၂၀)မှာ Youtube Channel လုပ်ဖို့ရှိုပြီး အကုန်လုံးကို အင်္ဂလိပ်လိုပဲပြောဖို့ များမှာဖြစ်သလို ဇာတ်ကားတွေကတော့ သရုပ်ဆောင်ချင်တဲ့ဇာတ်လမ်းမျိုးရှိရင်တော့ ရိုက်မှာပါဆိုပြီးတော့လည်း ပြောပြထားတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ နန်းမွေ့စံရဲ့ ချစ်ပရိသတ်တွေအတွက် Youtube Channel လုပ်မယ့် သူမရဲ့အကြောင်းလေးကို တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။Source : Nang Mwe San’s Facebook