တစ် ခါတလေ အိပ်ေ ကာင်းနေတုန်း မှာ ဖုန်းဝင်လာ လို့ ကမန်း ကတန်းထလိုက်ရတဲ့ အခိုက်အတန့် သင်ကိုယ်တိုင် ကြုံဖူးပါလိမ့်မယ်။ တကယ်တမ်း ဝင်လာတဲ့ နံပတ်ကိုကြည့်လိုက်တော့ ဖုန်းအော်ပရေတာက ခေါ်တာ ဖြစ်နေတတ်ပြီး၊ နားထောင်လိုက်တဲ့အခါ သူတို့ရဲ့ ပရိုမိုးရှင်းတွေကို ရှင်းပြမှာ ဖြစ်ပါတယ်။

ဖုန်းအော်ပရေတာတွေဟာ အသုံးပြုသူတွေ ဖုန်းခေါ်ဆိုမှုတွေ ပိုပြီးလုပ်ဖို့၊ အင်တာနက်တွေ ပိုပြီးအသုံးပြုဖို့၊ သူတို့ စပွန်ဆာပေးထားတဲ့ ပြိုင်ပွဲတွေမှာ ငွေတွေသုံးပြီး Vote ဖို့အတွက် သင်တို့ဆီကို မကြာခဏ မက်ဆေ့တွေပိုပြီး အနှောက်အယှက်တွေ ပေးနေတာကို မကြုံချင်လည်း ကြုံနေရမှာပါ။

ဒီလို အနှောက်အယှက်တွေကို မပတ်သက်ချင်လည်း ပတ်သက်နေရဦးမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်က ဒီအော်ပရေတာတွေရဲ့ ဝန်ဆောင်မှုတွေကို ရယူထားရတာမို့ နိုင်ငံတိုင်းမှာ ဒီလို အနှောက်အယှက် အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် …

အိန္ဒိယအစိုးရကတော့ ကာစတမ်မာတွေကို ဖုန်းခေါ်ပြီး ပရိုမိုးရှင်းလုပ်တဲ့ အော်ပရေတာတွေကို အခုအခါမှာတော့ ဒဏ်တပ်တော့မှာ ဖြစ်ပါတယ်။ တကယ်တော့ တစ်ပါးသူရဲ့လုံခြုံရေးကို အနှောက်အယှက်ပေးသလိုဖြစ်နေတဲ့ သူတို့ရဲ့ ပရိုမိုးရှင်းတွေကို ဘယ်သူမှ မနှစ်သက်ကြပါဘူး။

သူတို့ရဲ့ အချိန်မရှိအချိန်ရှိ ဖုန်းခေါ်ဆိုမှုတွေက အစည်းအဝေးခန်းလို နေရာမျိုးမှာ သင့်သူဌေးက အလုပ်ဖြုတ်ပစ်တာကိုတောင် ခံရနိုင်ပါတယ်။ ဒီလိုနှောက်ယှက်မှုတွေကို ဟန့်တားဖို့ အိန္ဒိယဆက်သွယ်ရေးအာဏာပိုင်အဖွဲ့က National Do Not Call Registry (NDNC) ကို ဖွဲ့စည်းလိုက်ပါတယ်။

သို့ပေမယ့် ခြွင်းချက်တွေတော့ ရှိပါတယ်။ သမ္မတရဲ့တရားဝင်လက်မှတ်ရရှိထားတဲ့ ဖုန်းအော်ပရေတာတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေကိုတော့ ဆက်ပြီး လက်ခံနေရဦးမှာပါ။ အခု အရေးယူမယ့်အစီအစဉ်က တရားမဝင် စီးပွားဖြစ်ဖုန်းခေါ်ဆိုမှု ပရိုမိုးရှင်းတွေကို ဒဏ်ရိုက်မှာဖြစ်ပြီး၊ အဲဒီအတွက် ဥပဒေလည်း ပေါ်ထွက်လာပါပြီ။ ပြစ်မှုကျူးလွန်တဲ့ အော်ပရေတာကတော့ ဒဏ်ငွေ ဒေါ်လာ (၁)သောင်းအထိ ဒဏ်ရိုက်ခံရမှာပါ။

နတ်သူကြီး-AlinnMyay(အလင်းမြေ)