လွ ယ်လွယ်သာရမယ်ဆိုရင် ကိုယ်ကျင့်တရားပျက်ပြီး ခိုးမှု ဝှက်မှု ကျူးလွန်မယ့်သူတွေဟာ ပတ်ဝန်းကျင်မှာရှိနေဆဲပါ။

အခုလက်ရှိမှာ ၂၄နာရီလုံးဖွင့်တတ်တဲ့ စတိုးဆိုင်တွေခေတ်စားလာတာနဲ့အမျှ ညဘက် အိပ်ငိုက်တတ်တဲ့ဆိုင်ရှင်တွေဆီက ခိုးဝှက်ဖို့ကြိုးစားကြံစည်သူတွေလည်း ရှိလို့နေပါတယ်။

အခုတင်ဆက်ပေးထားတဲ့ ဗွီဒီယိုထဲက အဖြစ်အပျက်လေးမှာဆိုရင် ဆိုင်ရှင်အိပ်ပျော်နေခိုက်မှာ ဈေးဝယ်သူအဖြစ် ရောက်လာတဲ့သူခိုးက ဆိုင်တွင်း အခြားဘယ်သူမှလည်းမရှိတာကို အခွင့်ကောင်းယူပြီး ပိုက်ဆံသေတ္တာကို မဖို့ကြိုးစားပါတော့တယ်။

တကယ်လို့ သူခိုးသာ လက်သွက်ပြီး အတွေ့အကြုံရင့်သူဆိုရင်တော့ ပိုက်ဆံအားလုံးပါသွားမှာ ဖြစ်ပေမယ့် ဆိုင်ရှင်နိုးလာချိန် ပြာယာခက်သွားတာကြောင့် ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

လွယ်ရင် သူကြွယ်တောင် မချန်ဘဲ ဒုစရိုက်လုပ်ဆောင်တတ်တာကြောင့် အရာရာ သတိနဲ့နေကြဖို့ အသိပေးလိုက်ပါတယ်နော်။

Writer -LLA ( Shwe Yaung Lan )
Source-Daily Mail