ခေါက် ဆွဲကြိုက်သူတွေ ဒီ သတင်းလေးကို စိတ်ဝင်စားကြမယ်ထင်ပါတယ်…. အဲတာကတော့ တရုတ်နိုင်ငံကGuangxi နယ်မှာ တည်ရှိတဲ့ ခေါက်ဆွဲဆိုင်ဟာ ကြံကြံဖန်ဖန် စားသုံးသူတွေကို ဆွဲဆောင်နိုင်ဖို့ ခေါက်ဆွဲထဲ ဘိန်းထည့်ပြီးချက်ခဲ့ပါတယ်

ဒီ လို ဘိန်းထည့်ချက် တဲ့ အကြောင်းကို ရဲစခန်းက သိသွားပုံကလည်း ဆန်းကြယ်ပါတယ်…အဲတာကတော့ အဲဒီခေါက်ဆွဲဆိုင်မှာ စားသုံးခဲ့တဲ့ စားသုံးသူတစ်ဦးဟာ ရဲစခန်းမှာ အမှုတစ်ခုနဲ့ ဆေးစစ်ရပါတယ်…အဲဒီအချိန်မှာ ဆေးစစ်ရလဒ်တွေအရ သူ့မှာ မော်ဖင်းသုံးခဲ့တယ်လို့ တွေ့သွားပါတယ်… ရဲတွေကစစ်တော့ သူဟာ မူးယစ်ဆေးဝါးသုံးစွဲသူမဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်….

နောက်ဆုံးမှာတော့ ဘိန်းထည့်ချက်တဲ့ ခေါက်ဆွဲဆိုင်မှာ စားခဲ့တယ်လို့ သိခဲ့တာကြောင့် ရဲတွေက ခေါက်ဆွဲဆိုင်ကို သွားစစ်ပါတော့တယ်… အဲဒီမှာပဲ ဘိန်းစေ့ ၇၆ ဂရမ်ကို အဲဒီဆိုင်ကနေ ရဲတွေက ရှာတွေ့ခဲ့ပါတော့တယ်…
ဆိုင်ရှင်ကို စစ်ရာမှာတော့ ခေါက်ဆွဲထဲကို ဘိန်းထည့်ချက်ပြီးစားသုံးသူတွေက ဘိန်းရဲ့ စွဲလမ်းစေတဲ့ စိတ်ကြောင့် ဆိုင်ကို နောက်တစ်ကြိမ်လာစားမယ်ဆိုတဲ့ စိတ်နဲ့ အတွေးနဲ့ ထည့်ချက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတော့တယ်….

တကယ့်ကို ကြံကြံဖန်ဖန်တွေးပြီး လုပ်ခဲ့တဲ့ ဒီဖြစ်ရပ်လေးကြောင့် ဆိုင်ရှင်ကတော့ ခုချိန်မှာ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရပါပြီ…

Writer – HW (Shwe Yaung Lan)
Source : mothership