ပရိ သတ်ရဲ့အချစ်တော် ဦးခင်လှိုင်ရဲ့သမီးဖြစ်သူ သဇင်ထူးမြင့်ကတော့ ဖခင်ရဲ့အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ယူနေတာပါ။ ခင်လှိုင်ဟာ အောင်မြင်တဲ့ ဇာတ်ပို့၊ဇာတ်ရံ၊ ဟာသလူရွှင်တော်တစ်ယောက်အနေနဲ့ရပ်တည်လာခဲ့တာ ဟိုးအရင်အချိန်ကတည်းက ယနေ့အချိန်ထိဖြစ်ပြီး သားနဲ့သမီးကိုလည်း စစ်မှန်တဲ့အနုပညာအမွေကိုပေးထားသူတစ်ယောက်ပါ။

ဒါ့ အပြင်ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးတဲ့အခါမှာလည်း ညီအစ်ကိုနှစ်ယောက်ရဲ့မေတ္တာဘွဲ့ကိုဖော်ကျူးထားတဲ့ “ချိုးရုပ်” ဇာတ်ကားကြီးနဲ့အောင်မြင်မှုအကြီးအကျယ်ရခဲ့သူဖြစ်ပြီး “တောက်ချလိုက်မယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်ရဲ့နှစ်သက်အားပေးမှုကို ရရှိခဲ့သူပါ။ ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အောင်မြင်မှုရရှိနေတဲ့ခင်လှိုင်ကိုတော့ Bo Bo Film Production ကနေ(၂၀၂၀)ခုနှစ်အတွက် ပထမဆုံးရိုက်ကူးမယ့် “အထိန်းတော်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက်ကမ်းလှမ်းခဲ့တာမို့ သဲကတော့ ဖခင်ဖြစ်သူအတွက် ဂုဏ်ယူနေခဲ့တာပါ။

သဲကတော့ ဦးခင်လှိုင်ရဲ့သမီးဖြစ်သူပီပီ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပြီး ကြော်ငြာပေါင်းများစွာကိုလည်း ရိုက်ကူးနေရသူတစ်ယောက်ပါ။ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်လမ်းတွဲအနေနဲ့ “ဆုံစည်းခွင့်” ဆိုတဲ့ဇာတ်လမ်းတွဲလေးကို ရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး မကြာခင်မှာရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Source – Thazin Htoo Myint, San Win Oo
Rainbow- Cele Gabar