နိုင် ငံခြားရောက် မြန်မာမော်ဒယ် ဆိုတော့ အလန်းလေးတွေ ဝတ်ထားရတယ် ဆိုတဲ့ အိချောပို

စူလို့ ချစ်စနိုးခါ် တဲ့ အိချောပိုကတော့ ပုရိသတွေ ရဲ့ အားပေးမှုကို တစ်ခဲ နက်လက်ခံရရှိထားတဲ့ ဘော်ဒီကောက်ကြောင်းလှတဲ့ မင်းသမီးတစ်ယောက်လို့ပြောရမှာပါ။ သူကတော့ Lady Boy ရုပ်ရှင်ကားမှာ မြန်မာမိန်းကလေး နိုင်ငံခြားရောက် မော်ဒယ်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အဲကားမှာတော့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့အတွက် အလန်းလေးတွေဝတ်ထားရတယ်ဆိုတာကို Myanmar Celebrity မီဒီယာကို ပြောကြားခဲ့တာဖြစ်ပါတယ်။

” Lady Boy ကားလေးက ယိုးဒယား နဲ့ထိုင်းနဲ့ ပေါင်းရိုက်တဲ့ ကားလေးဆိုတော့ ဒါပထမဆုံးပေါ့။ တခါမှာမလုပ်ဘူးတဲ့ပုံစံလေးတွေနဲ့ ရိုက်ကူးထားတာဖြစ်ပြီးတော့ ဒီအခန်းမှာ ဒီကာရိုက်တာက မလုပ်မဖြစ်လို့လုပ်ရတဲ့ ဟာမျိုးလေးတွေရှိတယ်။

အဲဒါမျိုးလေးတွေသရုပ်ဆောင်ထားတာရှိတယ် အဲကားလေးမှာစူက နိုင်ငံခြားမှာရောက်နေတဲ့ မော်ဒယ် မြန်မာ မိန်းကလေး နိုင်ငံခြားမှာမော်ဒယ်လုပ်နေတာဆိုတော့ နည်းနည်းတော့ အလန်းလေးတွေဝတ်ထားရတာရှိတယ်။

အခန်းပေါ်မူတည်ပြီးတော့ နည်းနည်းတော့ဟော့ထားတယ် – ဦးတီ၊ ဦးခင်လှိုင်၊ ကိုဂျော်ကာ တို့နဲ့အတွဲများတယ် ဖိုက်တင်ခန်းတွေမှာတော့ ထိုင်းကသရုပ်ဆောင်တွေနဲ့အတွဲကတယ် ” လို့သူရိုက်ရတဲ့ ကာရိုက်တာပိုင်းကို ပြောပြထားပြီးတော့

သရုပ်ဆောင်တွေ အကုန်လုံးကတော့ မတူတဲ့ကာရိုက်တာတွေ နဲ့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ ကာရိုက်တာအရသရုပ်ဆောင်ရတာရှိတော့ နားလည်ပေးစေချင်တယ် (၆)လပိုင်းထဲမှာလည်းရုပ်ရှင်ကား တစ်ကားရိုက်ဖို့ရှိပါတယ်။

သီချင်းခွေလေး တစ်ခွေလောက်တော့ ထွက်ချင်ပါတယ် စူကိုချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ အားပေးကြပါလို့ပြောပြထားတာဖြစ်ပါတယ်။ Let Pan ပရိသတ်ကြီးရေ နိုင်ငံခြားရောက် မြန်မာမော်ဒယ် တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ အိချောပိုအတွက် မှတ်ချက်လေးရေးပေး ခဲ့ပါဦး

Source:Myanmar Celebrity,CRD-Cele Gabar