သ ရုပ်ဆောင်နဲ့ မော်ဒယ် တိုင်ရွန်ဟာ စွဲဆောင်မှုရှိတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် မိန်းကလေူပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ဦးပါ။ တိုင်ရွန်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး အောင်မြင်မှုတွေ ရရှိနေသူတစ်ဦးပါ။ တိုင်ရွန်က အခုလက်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

ဒီနေ့မှာတော့ တိုင်ရွန်က (၁) လပိုင်းမှာ စတင်ရိုက်ကူးမယ့် ခရီးသွားအစီအစဉ်မှာ မပါဝင်တော့ဘူးဆိုတဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလိုပြောလာပါတယ်။

တိုင်ရွန်က “1 လပိုင်း Europe ခရီးစဉ် ရိုက်ကူးရေး မပါဝင်ဖြစ်တော့ပါ တခြားအလုပ်များ ပြန်လည်လက်ခံ ရိုက်ကူးသွားပါမည် …..” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

တိုင်ရွန်နဲ့ သင်ဇာဝင့်ကျော်တို့ ပါဝင်မယ့် The Travellers ခရီးသွားအစီအစဉ်က သင်ဇာဝင့်ကျော်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရက်နောက်ဆုတ်ထားရာ အခုအခါ တိုင်ရွန်ကလည်း မပါဝင်တော့ဘူးလို့ ထုတ်ပြောလာတာ ဖြစ်ပါတယ်။

တိုင်ရွန်က သူ့အနေနဲ့ ဘာအတွက်ကြောင့် အခုလို နှုတ်ထွက်ရတယ်ဆိုတဲ့အကြောင်းကို မပြောပြထားပါဘူး။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Tryon Bejay’s fb