မႏၲေလးၿမိဳ႕ ၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ဘုန္းေတာ္တိုးရပ္ကြက္မွာ ဒီက‌ေန႔မနက္ပိုင္းက အသက္(၆၀)အရြယ္ ပေထြးျဖစ္သူက အသက္(၉)ႏွစ္အရြယ္ သမီးမိန္းကေလးကို အဓမၼျပဳက်င့္တဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့တယ္လို႔ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၁)နယ္ေျမခံ ရဲစခန္းကေန သိရပါတယ္။

ပေထြးျဖစ္သူ ဦးဝင္းျမင့္ဆိုသူဟာ သမီးျဖစ္သူရဲ့ ပါးစပ္ကို လက္နဲ႔ပိတ္ အဓမၼျပဳက်င့္ခဲ့ၿပီး ေအာ္ရင္သတ္ပစ္မယ္လို႔လည္း ၿခိမ္းေျခာက္ ေျပာဆို ခဲ့တယ္လို႔ ရဲမွတ္တမ္းရဲ့ေဖာ္ျပခ်က္အရ သိရပါတယ္။

“ျဖစ္စဥ္ကဟုတ္ပါတယ္။ သားအဖ အရင္းေတာ့မဟုတ္ဘူး ။ မယားပါ သမီးပါ။ မနက္ျဖန္ေလာက္ေတာ့ ႐ုံးထုတ္ရမာန္ယူျဖစ္မယ္”လို႔ ေအာင္ေျမသာစံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အဓမၼျပဳက်င့္ခဲ့တဲ့ ပေထြးျဖစ္သူ ဦးဝင္းျမင့္ကို ဒီဇင္ဘာ ၂၆ရက္ ညေနပိုင္းမွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

အသက္(၉)ႏွစ္အရြယ္ သမီးမိန္းကေလးကို အဓမၼျပဳက်င့္သူအား အေရးယူေပးဖို႔ မိခင္ျဖစ္သူကိုယ္တိုင္ တရားလိုျပဳလုပ္တိုင္တန္းတဲ့ အတြက္ အမွတ္(၁)ရဲစခန္းက (ပ)၄၆၇/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၇၆နဲ႔ အေရးယူဖမ္းဆီးထားတယ္လို႔ သိရပါတယ္။အမွတ္(၁)ရဲစခန္း/VOM

Unicode

မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်မှာ ဒီက‌နေ့မနက်ပိုင်းက အသက်(၆၀)အရွယ် ပထွေးဖြစ်သူက အသက်(၉)နှစ်အရွယ် သမီးမိန်းကလေးကို အဓမ္မပြုကျင့်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေခံ ရဲစခန်းကနေ သိရပါတယ်။

ပထွေးဖြစ်သူ ဦးဝင်းမြင့်ဆိုသူဟာ သမီးဖြစ်သူရဲ့ ပါးစပ်ကို လက်နဲ့ပိတ် အဓမ္မပြုကျင့်ခဲ့ပြီး အော်ရင်သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက် ပြောဆို ခဲ့တယ်လို့ ရဲမှတ်တမ်းရဲ့ဖော်ပြချက်အရ သိရပါတယ်။

“ဖြစ်စဉ်ကဟုတ်ပါတယ်။ သားအဖ အရင်းတော့မဟုတ်ဘူး ။ မယားပါ သမီးပါ။ မနက်ဖြန်လောက်တော့ ရုံးထုတ်ရမာန်ယူဖြစ်မယ်”လို့ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးဖြစ်သူ ဦးဝင်းမြင့်ကို ဒီဇင်ဘာ ၂၆ရက် ညနေပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အသက်(၉)နှစ်အရွယ် သမီးမိန်းကလေးကို အဓမ္မပြုကျင့်သူအား အရေးယူပေးဖို့ မိခင်ဖြစ်သူကိုယ်တိုင် တရားလိုပြုလုပ်တိုင်တန်းတဲ့ အတွက် အမှတ်(၁)ရဲစခန်းက (ပ)၄၆၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆နဲ့ အရေးယူဖမ်းဆီးထားတယ်လို့ သိရပါတယ်။အမှတ်(၁)ရဲစခန်း/VOM