ယေ န့ လှိုင်သာယာမြို့နယ် 20 ရပ်ကွက်အပိုင်အတွင်း လမ်းထဲသို့ ကလေး သုံးယောက် (မိန်းကလေးများသာ) ကို မိန်းမတဦးမှ အတင်းခေါ်ဆောင် နားကွင်း ချွတ်ယူမှု့ ဖြစ်ပွားခဲ့ပါတယ် နားကွင်းက အပ်ချည်နဲ့တုတ်ထားတာကို ဓါးနဲ့ ဖြုတ်ယူသွားတာပါ အတော်အတင့်ရဲလာကြပါပြီ။အတော်အတင့်ရဲလာကြပါပြီ။

ခေါ်ဆောင် ခံရသူတွေဖြစ်တဲ့ အကြီးမလေးက ကိုးနှစ်အရွယ်ဝန်းကျင်မျှသာ အလတ် နဲ့ အငယ်ဆုံးလေးမှာ အင်မတန်ငယ်သေးပါတယ် အလတ်မလေးရဲ့ နားကွင်းကို ဖြုတ်ယူခံရတာပါ

ဖြစ်စဉ်က မိဘတွေ အိမ်ထဲပြန်ဝင်ချိန် အိမ်ရှေ့မှာ ဆော့နေတဲ့ ကလေး သုံးယောက်ကို မုန့်ဝယ်ကျွေးမယ် လာ ဆိုပြီး အတင်းခေါ် ဆောင် သွားတာပါ။မင်သူတိုင်းကလည်း သူ့မိသားစုနဲ့သူ သွားနေကြတယ် ထင်ပြီး အမှု့မဲ့ အမှတ်မဲ့ ဖြစ်သွားကြတာပါ။

ဖြစ်စဉ် သိကြချိန်ကလည်း ကလေးတွေက ဖြုတ်ယူခံရပြီး အိမ်ကိုပြန်ပြေးချိန် မိဘတွေ ပြန်ပြောချိန် တွေ အချိန်များ လစ်ဟာသွားမှု့ရှိသွားတဲ့ အတွက် ထိုမိန်းမအား ဖမ်းမိလိုက်ခြင်း မရှိပါ

ကိုယ်လည်း သိသိခြင်း အပိုင် တာဝန်ရှိသူများကို အကြောင်းကြားပေးပါတယ်။တာဝန်ရှိသူများက ကလေးများကို ချော့မော့မေးသော်လည်း ကြောက်ရွံ့နေကြသောကြောင့် လူပုံစံ အနေအထား အတိအကျ မသိရှိရပါ မိန်းမတဦး ဟုသာ သိရပါတယ်

အိမ်နီးနားအချင်းချင်း ကူညီစောင့်ရှောက် စည်းလုံးဖို့လည်း လိုပါတယ်။ မိဘများမှ လည်း ရွှေမဝတ်ပေးခြင်းက အကောင်းဆုံးပါပဲ ကိုယ့်ရင်သွေးများကို အထူးဂရုပြု စောင့်ရှောက်ကြပါ။ ကလေးများပြန်ရခြင်းက အင်မတန် ကံကောင်းတယ် ဆိုရပါမယ်

နေရာ -လှိုင်သာယာမြို့ 20 ရပ်ကွက် အပိုင် 7 မြသီရိလမ်း မှ ခေါ် ဆောင်လာ အပိုင် 7 ကွက်သစ်ထဲရှိ လမ်း အတွင်းမှာ ဖြုတ်ယူ ကာ(ကလေးစကားအရ) အနော်ရထာ လမ်းမကြီးဘက် ပြန်ထွက်သွား ပါတယ် တဲ့ …Nawaeli Za