ဒီ ဇင်ဘာ(၂၇)AlinnMyay(အလင်းမြေ)

စစ် ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာနေ ဦးထွန်းအောင်၊ ဒေါ်မော် တို့ရဲ့ သမီးဖြစ်သူ မပြည့်ပြည့်အောင် (ခေါ်) မပြူးပြူး အသက် (၁၇) နှစ် အရွယ် မိန်းကလေး တစ်ဦး ၂၀၁၉ ဒီဇင်ဘာလ (၂၆) ရက်နေ့ ညနေ (၃) နာရီ ခန့်အချိန်တွင် အိမ်ကနေထွက်သွားပြီး ပျောက်ဆုံးနေပါသဖြင့် မိဘများ အလွန်စိတ်ပူကာ ဝိုင်းဝန်းကူညီပေးကြပါရန် နှင့် လူမှုကွန်ယက်စာမျက်နှာမှ တင်ပြကြော်ငြာပေးရန် AlinnMyay(အလင်းမြေ) မီဒီယာ သို့ အကူအညီတောင်းခံလာခဲ့၍ ၂၀၁၉ ဒီဇင်ဘာလ (၂၆) ရက်နေ့ က AlinnMyay(အလင်းမြေ) မီဒီယာ မှ တင်ပြကြော်ငြာပေးခဲ့သည်။

ထို့နောက် ၂၀၁၉ ဒီဇင်ဘာလ (၂၇) ရက်နေ့ တွင် ပျောက်ဆုံးနေသူ မိန်းကလေးမှ အိမ်သို့ ဖုန်းဆက်သွယ်လာကြောင်း၊ မန္တလေးတွင်ရောက်ရှိနေကြောင်း၊ သိရ၍ ကူညီဆောင်ရွက်ပေးနေသူ တလိုင်းကျေးရွာ ကိုအောင်မြတ်မင်းမှ မန္တလေးသို့ လိုက်သွားကာ ရှာဖွေခဲ့ကြောင်းသိရသည်။

ကိုအောင်မြတ်မင်း ရှာဖွေနေချိန်တွင် အဆိုပါ အဆက်အသွယ်ရသော ဖုန်းနံပါတ်ဖြင့် ကိုအောင်မြတ်မင်းမှ ဆက်သွယ်သောအခါ ပျောက်ဆုံးနေသူ မပြည့်ပြည့်အောင်မှ ငွေလိုနေ၍ ငွေလွှဲပေးပါ တောင်းဆိုခဲ့ကြောင်း၊ ကိုအောင်မြတ်မင်းမှ လိုနေသောငွေကို လာပေးမည် ပြောသော်လည်း နေရာအတိအကျ မပြောပဲ ဟိုနေရာမှာရှိတယ် ဒီနေရာမှ ရှိတယ် ဆိုကာ wave money နဲ့ပဲ ငွေလွှဲပေးပါဟု ပြောဆိုခဲ့ကြောင်းသိရသည်။

ကိုအောင်မြတ်မင်းမှ မန္တလေးမြို့တွင် ရှိနိုင်သောနေရာများသို့ အနှံလိုက်ရှာသော်လည်း ထူးခြားမှုမရှိတော့ပဲ နောက်ဆုံးတွင် အဆက်အသွယ်ရသော ဖုန်းမှာ ဖုန်းပိတ်သွားကြောင်းသိရသည်။

ပျောက်ဆုံးနေသူ မပြည့်ပြည့်အောင်သည် အိမ်ကထွက်သွားချိန်တွင် ဖုန်းမပါသွားပဲ အဆက်အသွယ်ရသော ဖုန်းမှာ သူမကို ခေါ်ဆောင်သွားသူ ရဲ့ဖုန်းဖြစ်နိုင်ကြောင်း၊ သူမပြောဆိုနေသော စကားများသည် အခြားတစ်ယောက်ယောက်မှ သင်ပြပေးနေပြီး ပြောဆိုနေသော စကားများသာ ဖြစ်နိုင်ကြောင်း၊ အဆိုပါ သင်ပြပေးနေသောသူသည် မပြည့်ပြည်အောင်ကို ခေါ်ဆောင်သွားသူ လူပွဲစားဖြစ်နိုင်ကြောင်း ကိုယ်တိုင် လိုက်လံရှာဖွေသူ ကိုအောင်မြတ်မင်း မှ AlinnMyay(အလင်းမြေ) မီဒီယာ သို့ ပြောကြားခဲ့သည်။

ထို့နောက်တွင် မပြည့်ပြည့်အောင်ရဲ့ မိဘများမှ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် တိုင်တန်းကာ လူပျောက်အမှုဖွင့်ထားပြီး၊ စစ်ကိုင်းတိုင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ နှင့် မန္တလေးတိုင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့တို့အား ဆက်သွယ် အကြောင်းကြားကာ ပျောက်ဆုံးနေသူ မပြည့်ပြည်အောင်နှင့် ခေါ်ဆောင်သွားသူ လူပွဲစားအား ပိတ်ဆို့ ရှာဖွေ ဖမ်းဆီး ထိန်သိမ်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုအောင်မြတ်မင်း မှ AlinnMyay(အလင်းမြေ) မီဒီယာ သို့ ပြောကြားခဲ့သည်။

လူမှုကွန်ယက် အသုံးပြုသူမိဘပြည်သူများ အားလုံးမှလည်း အဆိုပါ ပျောက်ဆုံးနေသူ မပြည့်ပြည့်အောင်အား တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန် AlinnMyay(အလင်းမြေ) မီဒီယာ ထပ်ဆင့် အကူအညီ တောင်းခံပေးလိုက်ပါသည်။

ဆက်သွယ်ရန် ဖုန်း နံပါတ်များမှာ ကူညီသူ ကိုအောင်မြတ်မင်း ဖုန်း – 09252120353 ၊ 09752603500 တို့ကို ဆက်သွယ် အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#AlinnMyay(အလင်းမြေ) #လူပျောက် #လူကုန်ကူးမှု

Credit to AlinnMyay