ပိုင်တံခွန် ဟာ အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားပြီး နိုင်ငံတကာစံချိန်မီအရပ်အမောင်း အမိုက်ဆုံး ဆံပင်ရှည်လေးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်အားပေးခြင်းကို ခံရသူလည်း ဖြစ်ပါတယ်…. မြန်မာနိုင်ငံသာမက ထိုင်းနိုင်ငံထိမှာပါ ပိုင်တံခွန်ရဲ့ နာမည်သတင်းက အရမ်းကို အောင်မြင်ကျော်ကြားတာပဲ ဖြစ်ပါတယ်…

ဒါကြောင့် လည်း ခုဆိုရင် ထိုင်းနိုင်ငံထိပါ အနုပညာအလုပ်တွေကို သွားရောက်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်….
လတ်တလော လူမှုကွန်ရက်စာမျက်နှာမှာ ပိုင်တံခွန်နဲ့ တူတယ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်က အရမ်းကိုနာမည်ကြီးနေတာပါ…ဗီဒီယိုဖိုင်ထဲက အဆိုပါကောင်လေးဟာ ပိုင်တံခွန်လို အရပ်ရှည်ပြီး ဆံပင်ပုံစံကလည်းတူသလို မျက်နှာကလည်း အရမ်းကို တူလှတာပါ….

ခု အခါမှာတော့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ အဆိုပါဗီဒီယိုလေးနဲ့ ပတ်သက်ပြီး ပိုင်တံခွန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်တုန့်ပြန်လိုက်ပါပြီ…. အဲတာကတော့ အဆိုပါဗီဒီယိုလေးကို Share ရင်း “ကျနော်ငယ်တုန်းကပါ” ဆိုပြီး ပရိသတ်ကြီးကို အရွှန်းဖောက်စနောက်ခဲ့တာပဲ ဖြစ်ပါတယ်…

အဆိုပါဗီဒီယိုဖိုင်လေးထဲက ကောင်လေးဟာလည်း တကယ့်ကို ပိုင်တံခွန် ငယ်ငယ်တုန်းကလို့ ထင်ရလောက်အောင် တူလွန်းလှတာပဲ ဖြစ်ပါတယ်… အောက်မှာ အဆိုပါ ကောင်လေးရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Source : Paing Takhon