မန်မာ အိုင်ဒေါလ်အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကျော်ထက်အောင်က ဖူးရခဲတဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးကို အနီးကပ်ဖူးမျှော်ဆည်းကပ်ခွင့်ရရှိခဲ့လို့ အတိုင်းမသိဝမ်းသာပီတိဖြစ်ပြီး ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

ကျော်ထက်အောင်က ဆရာတော်ကြီးကို ဖူးမြင်ရတဲ့အကြောင်းနဲ့ ပီတိဝမ်းသာစကားကို မျှဝေပေးခဲ့တာဖြစ်ပြီး အားလုံးလည်း အောင်ကြပါစေလို့ သူကဆုတောင်းပေးခဲ့တာပါ။ သူကိုယ်တိုင်လည်း ဆရာတော်ဘုရားကြီးရဲ့ ခြေဖမိုးမှာ လက်တင်ပြီး ရှိခိုးကန်တော့ခဲ့တာ ဖြစ်ပါတယ်။

မီးလေးတစ်ချက်လောက်မှိတ်ပါရစေဆိုတဲ့ စကားလုံးလေးနဲ့ လူသိများလာတဲ့ ကျော်ထက်အောင်ဟာဆိုရင် မြန်မာအိုင်ဒေါလ်ပြိုင်ပွဲအားလုံးရဲ့ နာမည်ကျော်ဒိုင်တစ်ဦးလည်းဖြစ်ပြီး လက်ရှိမှာ ကြော်ငြာနဲ့ သရုပ်ဆောင်အဖြစ်ပါ တက်လှမ်းလာနေသူတစ်ဦးပါ။

ကျော်ထက်အောင်ဟာ မကြာသေးခင်က ရုံတင်ပြသနေတဲ့ တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဝတ်မှုန်ရွှေရည်နဲ့အတူ ခေါင်းဆောင် မင်းသားနေရာကနေပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Cele Star